DVB Logo
Home
မြန်မာသတင်း
ရေးမြို့ ကျုံးအတွင်း ၁၀ တန်းကျောင်းသူ ရေနစ်သေဆုံး
DVB
·
June 30, 2016
ရေးမြို့ ကျုံးအတွင်း ၁၀ တန်းကျောင်းသူ ရေနစ်သေဆုံး
1 / 2
Donate to DVB

မွန်ပြည်နယ်၊ ရေးမြို့နယ် ရန်မျိုးအောင်ရပ်ကွက် ရေလယ်ဘုရားအနီး ကျုံးအတွင်းမှာ ဒီနေ့ မနက် ၇ နာရီက အမျိုးသမီးတဦး  ရေနစ်သေဆုံးနေတာ တွေ့ရှိလို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရေးမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် အေးမြင့်နဲ့ အဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာမှာ ပုပ္ပဝတီကျေးရွာ စုံနံ့သာကျေးရွာအုပ်စုနေ မယွန်းယွန်း ၁၇ နှစ်၊ အထက ၂ က ဆယ်တန်းကျောင်းသူဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူမှာ ခန္ဓာကိုယ်ပြင်ပဒဏ်ရာတစုံတရာ မတွေ့ရှိရကြောင်း ရဲစခန်းက ပြောပါတယ်။

13557752_10209546047998403_3948285327811554195_nဖြစ်စဉ်နဲ့ စပ်လျဉ်းလို့ ရေးမြို့မရဲစခန်းက သေမှုသေခင်းအမှုဖွင့်အရေးယူထားရှိပြီး အမှုကို အသေးစိတ်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သတင်းဓာတ်ပုံ - နေမျိုးထွဋ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013