DVB Logo
Home
မြန်မာသတင်း
သက်ကြီးရွယ်အိုများကို မတရားသဖြင့် တောင်းရမ်းခိုင်းမှုများ တိုင်ကြားနိုင်
DVB
·
June 30, 2016
သက်ကြီးရွယ်အိုများကို မတရားသဖြင့် တောင်းရမ်းခိုင်းမှုများ တိုင်ကြားနိုင်
Donate to DVB

အသက်အရွယ်ကြီးရင့်သူတွေကို မတရားသဖြင့် ငွေကြေးတောင်ရမ်းခိုင်းတာ တွေညှဉ်းပန်း နှိပ်စက်တာတွေမြင်ခဲ့ရင် လူမှုဝန်ထမ်းဦးစီးဌာနက ကိုတိုင်ကြားနိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။

လူမူဝန်ထမ်းဦးစီးဌာနအနေနဲ့ မေလဆန်းကစတင်ပြီး PublicReleationCenter ကိုတည် ထောင်ထားပြီး လူမူဝန်ထမ်းဌာနဲ့သက်ဆိုင်တဲ့ ဘိုးဘွားကိစ္စ၊ကလေးသူငယ်၊ လူကုန်ကူးမှု အားလုံးနဲ့ ပတ်သက်ပြီး တိုင်ကြားနိုင်အောင်စီစဉ်ထားပါတယ်။ ခုလက်တလော ဘိုးဘွားတွေကို တောင်းရမ်းပြီး ငွေကြေးရှာဖွေနေတဲ့ ကိစ္စတွေကိုလည်းတွေမြင်တဲ့အခါ မည်သူမဆိုလှမ်းတိုင်ကြားပေး နိုင်အောင် ပြုလုပ်ထားတယ်လို့ ပြောပါတယ်။ တိုင်ကြားနိုင်တဲ့ ဖုန်းနံပါတ်တွေကတော့ ၀၉၄၅၃၁၉၇၂၂၅ /လူမူဝန်ထမ်းဦးစီး ၀၁-၄၀၄၂၂၂/ ၄၀၄ ၆၆၆/ ၄၀၄ ၇၇၇ တို့ဖြစ်ပါတယ်။

“တိုင်လို့ မှန်ကန်တယ်၊ သွားရောက်စုံစမ်းကြည့်မယ်၊ သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ မှန်တယ်ဆိုရင် ကျနော်တို့က ကူညီစောင့်ရှောက်ရ မယ့် သူတွေဆိုတော့ ကူညီစောင့်ရှောက်မယ်။ သူဖြစ်စေချင်တာပေါ့။ ဥပမာ-သူ့သားသမီးတွေ ဘယ်မှာရှိ တယ်လိုက်ပို့ပေးပါဆိုရင် ကျနော်တို့ပို့ပေးမယ်။ သဘောက ဒီလိုအနိုင်ကျင့်တာ မခံရအောင်ပေါ့။ ကိုယ်ကိုတိုင်မဆက်နိုင်လို့ တခြားလူက ဆက်ရင်လည်းရတယ်” လို့ လူမှု ၀န်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမျိုးဆက်အောင်က ပြောပါတယ်။

လက်ရှိမှာတော့ဌာနအနေနဲ့ လတ်တလောတိုင်ကြားတာတွေကို တော့ညှင်းပန်း နှိပ်စက်တဲ့ ဥပဒေ၊ မတရားခိုင်းစေမူဥပဒေတွေနဲ့ ပဲအရေးယူနိုင်တယ်လို့ပြောပါတယ်။ သက်ကြီးရွယ်အိုတွေ အတွက်ဥပဒေတခု ထွက်ပေါ်လာခဲ့ရင်သူတို့အတွက် အမှန်တကယ်လိုအပ်နေတာတွေ၊ မတရား သဖြင့် ခိုင်းစေမှုတွေနဲ့ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ထား တယ်လို့ ပြောပါတယ်။

ဇွန်လ ၂၇ နဲ့ ၂၈ ရက်နေ့ကတော့ အစိုးရသတင်းစာထဲမှာ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်း(မူကြမ်း)ကို အများသိအောင်ဖော်ပြထားပါတယ်။ အခုဥပဒေကလက်ရှိ အနေအထား အရအမှန်တကယ်နဲ့အရေးတကြီး လိုအပ်နေတဲ့ဥပဒေဖြစ်တာကြောင့် လွှတ်တော်ဘက်ကလည်း အမြန်ဆုံးအတည်ပြုသွားဖို့ အားလုံးပူးပေါင်းလုပ်သွားမယ်လို့ ပြောပါတယ်။

“ဒီဥပဒေ ထွက်လာတာအတွက်လည်း အများကြီးအကျိုးရှိမယ်လို့ အစ်မတို့ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အရင်ကတည်းကပေါ့နော်။ ကျမတို့ဟာ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံဖြစ်တဲ့အတွက် ဒီသက်ကြီးရွယ်အိုစောင့်ရှောက်တာတို့၊ ကျမတို့က သိပ်ပြီးတော့ အများကြီးပြောနေစရာမလို ပေမယ့် အကုန်လုံးက ဆင့်ကဲဆင့်ကဲ ဒီလိုပဲလုပ်သွားကြတာလေ။ အခုနောက်ပိုင်းမှာတော့ အခြေအနေတွေက တော်တော်လေးကို ဆိုးလာတာတွေ့ရတယ်။ အသက်အရွယ်ကြီးရင့်လာရင် စွန့်ပစ်တဲ့ ကိစ္စရပ်တွေ၊ လမ်းဘေးမှာ မတရားသဖြင့် တောင်းရမ်း ခိုင်းခံရတဲ့ အဘိုးအဘွားတွေပေါ့ စသဖြင့်၊ ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီးတော့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ပေးတာ၊ နောက်စောင့်ရှောက်ပေးတာ အဲဒါတွေကတော့ တော်တော်လေးကို ကောင်းတယ်လို့ အမမြင်ပါတယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၉၀ ကျော်ကနေ ၁၀၀ အတွင်း သက်ကြီးရွယ်အို ပေါင်း ၂ သောင်း ၇ ထောင်ကျော်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၇၀၀ ကျော်ရှိတယ်လို့ လူမူဝန် ထမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013