DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဟု သုံးနှုန်းသည့်အပေါ် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများ ဆန္ဒပြ
DVB
·
June 30, 2016
ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းဟု သုံးနှုန်းသည့်အပေါ် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများ ဆန္ဒပြ
1 / 6
Donate to DVB

ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ ခေါ်ဝေါသုံးနှုန်းတဲ့အပေါ် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဇွန် ၂၉  ရက်နေ့က ဂျန်နိုင်ငံ မြန်မာသံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဇွန် ၁၇- ရက်နေ့က ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၃၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ်ကနေ ရခိုင်ပြည်နယ်ရှိ ဘဂါင်္လီအရေးနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းပြောဆိုဖို့ တင်သွင်းခဲ့တဲ့အပေါ် အခုလို့ကန့်ကွက် ဆန္ဒပြရတာလို့ ဦးဆောင်သူ ကိုသော်ဇင်ဖြိုးက ပြောပါတယ်။

"ဒီလောက်ကန့်ကွက်နေတဲ့ကြားကနေ ဆက်သုံးမယ်ဆိုရင် ပြဿနာတွေအများကြီးရှုပ်ထွေးလာမယ်။ နောက်ပြီး ဒီပြဿနာက ရခိုင်တိုင်းရင်းလူမျိုးတမျိုးရဲ့ ပြဿနာ မဟုတ်ဘူးလေ။ မြန်မာနိုင်ငံတနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တယ်။ အဲ့ဒီတော့ ဒီပြဿနာကို ရခိုင်တိုင်း ရင်းသားတွေရဲ့ ပြဿနာတခုတည်းဆိုပြီး ဆွဲမထည့်သင့်ဘူး။ ဒီလိုလုပ်တဲ့အပေါ်မှာ ရခိုင်တိုင်းရင်းသားတွေ ဘယ်နည်းနဲ့မှလက်ခံမှာမဟုတ်ဘူး။ ဒေသခံတိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုနားလည်ဖို့လိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှ မွစလင်လူမျိုးများဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်"လို့ ပြောပါတယ်။

ဒါ့အပြင် အိတ်ဖွင့်ပေးစာတစောင်ကိုလည်း နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်ထံတို့ကို လိတ်မှုပြီး ပေးပို့ခဲ့ပေမယ့် သံရုံးကလက်မခံခဲ့ဘူးလို့ သူကဆက်လက်ပြောပါတယ်။ ဒီအိတ်ဖွင့်ပေးစာကို စာတိုက်ကနေတဆင့် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးကိုလည်း လိတ်မူပြီး ပေးပို့သွားမယ်လို့ပြောပါတယ်။

ကန့်ကွက်ဆန္ဒပြပွဲကို ဇွန်လ၂၉ ရက်နေ့ ညနေ၃-နာရီကနေ ညနေ ၄ နာရီအချိန်ထိ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဲ့ဒီကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို ရခိုင်လူငယ်များအစည်းအရုံး (ဂျပန်) က ဦးဆောင်ပြု လုပ်တာဖြစ် ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းသွားတဲ့အပေါ် ရခိုင်မျိုးသားပါတီကလည်း ကြေညာချက်ထုတ်ပြန်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။

ဒါ့အပြင် လာမယ့် ဇူလှိုင် ၃ ရက်နေ့မှာတော့ ရန်ကုန်အပါအ၀င် ရခိုင်မြို့ကြီးတချို့မှာ ရခိုင်ပြည်နယ်က မွတ်စလင်အသိုက်အ၀န်းလို့ သုံးနှုန်းတဲ့အပေါ် ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်သွားမယ်လို့ ဦးဆောင်စီစဉ်နေသူတွေက ပြောပါတယ်။

သတင်း-၀ဏ္ဏခွာညို၊ ဓာတ်ပုံ- သော်ဇင်ဖြိုး

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013