DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ပန်းခြံဖွင့်လှစ်နိုင်မှု နော်ဝေဘုရင်မကြီး ဂုဏ်ယူ
DVB
·
June 30, 2016
ဒေါ်အောင်ဆန်းစုကြည် ပန်းခြံဖွင့်လှစ်နိုင်မှု နော်ဝေဘုရင်မကြီး ဂုဏ်ယူ
1 / 2
Donate to DVB

နော်ဝေနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းခြံ ဖွင့်လှစ်နိုင်မှုအပေါ် နော်ဝေဘုရင်မကြီးက ချီးမွမ်း ဂုဏ်ယူကြောင်း ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ နော်ဝေဘုရင်နဲ့ ဘုရင်မကြီးတို့ရဲ့ နန်းစံသက် ငွေရတုအခမ်းအနား ညစာစားပွဲမှာ တက်ရောက်ခွင့်ရတဲ့ အောင်ဆန်းစုကြည် ပန်းခြံကော်မတီအဖွဲ့ဝင်အချို့ကို နော်ဝေးဘုရင်မကြီး ဆွန်ဂျာ(Sonja)က တွေ့ဆုံနှုတ်ဆက်ပြီး အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ပန်းခြံတခု နော်ဝေနိုင်ငံမှာ ပေါ်ပေါက်လာတဲ့အတွက် သူတို့အနေနဲ့ အထူးဂုဏ်ယူကြောင်း၊ ပန်းခြံဖြစ်မြောက်ရေးကော်မတီကိုလည်း အထူးကျေးဇူးတင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

နော်ဝေနိုင်ငံတောင်ဘက်ပိုင်း ခရစ္စတန်ဆန်းမြို့မှာ ကျင်းပတဲ့ အဲဒီ့ ဘုရင့်နန်းစံသက် ဂျူဗလီအခမ်းအနားကို တက်ရောက်ခဲ့တဲ့  ဖရိုလန်းမြို့ရှိ အောင်ဆန်းစုကြည်ပန်းခြံ ဖြစ်မြောက်ရေး ကော်မတီလူကြီး ဆလိုင်း ဂျွန်မန်းက ဘုရင်မကြီးနဲ့ တွေ့ဆုံခဲ့တဲ့အခြေနေကို ခုလိုပြောပါတယ်။

"ဘုရင်မကြီးကို နှုတ်ခွန်းဆက်ခွင့်ရတော့ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆုံခဲ့ရပုံ၊ သူဟာ အလွန်လေးစားစရာ၊ နှစ်လိုဖွယ်ရာ အာဂသူရဲကောင်း အမျိုးသမီးဖြစ်တဲ့အကြောင်း၊ သူ့ကိုဂုဏ်ပြုတဲ့ ပန်းခြံဖြစ်အောင် အကြံထုတ် လုပ်ဆောင်ပေးကြလို့ ကျေးဇူးတင်တဲ့အကြောင်း ဘုရင်မကြီးက လက်ဆွဲနှုတ်ဆက်ရင်း ပြောခဲ့တယ်။"

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့မှာ နော်ဝေနိုင်ငံ ဖရိုလန်းမြို့နယ်မှာ ကျယ်ပြန့်လှပပြီး ရှု့ချင်စဖွယ်ရှိတဲ့ ပန်းခြံတခုကို ဒေါ်အောင်ဆန်းစုကြည်အမည်နဲ့ ဂုဏ်ပြုဖွင့်လှစ်ခဲ့ကြတာပါ။

နော်ဝေနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ရဲ့ပန်းခြံကို အလည်လာမယ့် မြန်မာနိုင်ငံသားတွေကို ကြိုဆိုဧည့်ခံပြီး အခမဲ့တည်းခိုနိုင်ရေး စီစဉ်ပေးမယ်လို့ ဆလိုင်းဂျွန်မန်းက ပြောပါတယ်။

13566952_1023561997727849_8220900430439858644_n"အခုဆို ဗမာပြည်ကနေ ဥရောပခရီးစဉ်ကို အလည်လာတဲ့ မြန်မာနိုင်ငံသားတချို့ အောင်ဆန်းစုကြည်ပန်းခြံအထိ လာလည်ကြတာတွေ ရှိနေပြီဖြစ်သလို မြို့ခံကော်မတီအဖွဲ့ကလည်း ဒီနှစ် ၂၀၁၆ အတွင်းမှာ ပန်းခြံကို အလည်လာတဲ့ မြန်မာနိုင်ငံသားမှန်သမျှကို ကြိုဆိုဧည့်ခံပြီး လည်ပတ်ကြည့်ရှုနိုင်ဖို့၊ အခမဲ့ တည်းခိုနိုင်ဖို့ကိုပါ စီစဉ်ထားပါတယ်။"

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013