A d v e r t i s e m e n t With Us

တောင်ငူ​ရေ​ဘေး​သင့်​သူများ​အတွက် အကူညီ​ပေး​ရန် ဖိတ်​ခေါ်

ပဲခူး​တိုင်း​ ​တောင်ငူမြို့​နယ်တွင်း​က ​ရေ​ဘေး​သင့်​သူ​တွေကို အ​ရေး​ပေါ်ကူညီ​ပေး​နိုင်​ရေး​အတွက် ရန်ကုန်မြို့​က လူငယ်အဆို​တော် ​ဇေယျာ​သော်အပါအဝင် ​စေတနာရှင်​တွေက ကြိုး​ပမ်း​နေကြပါတယ်။ သူတို့​နဲ့​အတူ ​စေတနာရှင်​တွေကလည်း​ ပူး​ပေါင်း​ထည့်​ဝင်လှူဒါန်း​ကြဖို့​ ​သွေး​အကူအညီ​ပေး​ရေး​အဖွဲ့​ တာဝန်ခံ ကိုညီညီက ဖိတ်​ခေါ်လိုက်ပါတယ်။ “ကို​ဇေယျာ​သော်တို့​၊​ ကျ​နော်တို့​ အား​လုံး​ပူး​ပေါင်း​ပြီး​တော့​ အ​ရေး​ပေါ်ဖြစ်​ပေါ်​နေတဲ့​ အလှမ်း​ကွာ​ဝေး​တဲ့​ ရွာ ၆ ရွာကို အုန်း​ပင်ရွာစုရွာတို့​၊​ ရွာသစ်ရွာတို့​ အဲဒီလိုရွာ​တွေမှာ ​ရေလုံး​ဝမြုပ်ပြီး​ ဒုက္ခ​တွေ​ရောက်​နေတယ်။ ဖုန်း​ဆက်အကူအညီ​တောင်း​တယ်။ ကျ​နော်တို့​ ဆန်၊​ ဆီ၊​ ဆား​ လှူမယ့်​သူ​တွေ လိုက်ရှာပြီး​တော့​ ဒီ ၂ ရက်အတွင်း​လောက်မှာ လိုက်သွား​ဖို့​ ရှိပါတယ်။ လှူမယ့်​ လူ​တွေကိုလည်း​ ကျ​နော်တို့​က ဖိတ်​ခေါ်ပါတယ်။” ဒီအစီအစဉ်ကို ကို​ဇေယျာ​သော်ဦး​ဆောင်တဲ့​ ကမ်း​လက်သဘာဝ​ဘေး​အန္တရာယ် အကူအညီ​ပေး​ရေး​အဖွဲ့​နဲ့​ ​သွေး​အကူ​ပေး​ရေး​အဖွဲ့​တွေ ပူး​ပေါင်း​လုပ်​ဆောင်​နေကြတာပါ။ လာမယ့်​နှစ်ရက်အတွင်း​ သွား​ရောက်လှူဒါန်း​ဖို့​ ပြင်ဆင်​နေတယ်လို့​ ကို​ဇေယျာ​သော်က ​ပြောပါတယ်။ “ဘယ်​နေရာမှာ ဘယ်​လောက်ထိမြုပ်တယ်၊​ အိမ်​ခြေဘယ်​လောက် မြုပ်သွား​တယ်။ လူဦး​ရေ ဘယ်​လောက်ပါတယ်။ အဲဒီသတင်း​တွေ အတိအကျ ရရင်​တော့​ အမြန်ဆုံး​အကူအညီ သွား​ပေး​ဖို့​ စီစဉ်​နေပါတယ်။” သူတို့​နဲ့​အတူ ထည့်​ဝင်လှူဒါန်း​လိုသူ​တွေအ​နေနဲ့​ တယ်လီဖုန်း​က​နေ ဆက်သွယ်လှူဒါန်း​နိုင်တယ်လို့​ ဖိတ်​ခေါ်ထား​ပါတယ်။ ဖုန်း​နံပါတ်​တွေက (မခင်မိုး​အေး​ - ၀၉ ၅၀၂၄၄၂၉၊​ ကိုညီညီ ၀၉ ၄၉၃၂၈၀၅၅ နဲ့​ ကို​ဇေယျာ​သော် ၀၉ ၂၀၀၀၄၇၁) တို့​ကို ဆက်သွယ်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up