DVB Logo
Home
မြန်မာသတင်း
ယာခင်း​ထဲအလုပ်လုပ်​နေသည့်​ ရှမ်း​တောင်သူ ပစ်သတ်ခံရ
DVB
·
September 19, 2011
Donate to DVB

စစ်တပ်က ​သေနတ်နဲ့​ပစ်ခတ်လို့ ယာခင်း​ထဲမှာ အလုပ်လုပ်​နေတဲ့​ ရှမ်း​ပြည်နယ် တန့်​ယန်း​မြို့​နယ်က ရွာသား​တဦး​ သေဆုံး​သွား​တယ်လို့​ ​ဒေသခံရွာသား​တွေက ​ပြောပါတယ်။

သေဆုံး​သူ ​တောင်ဟျိုး​ရွာသား​ စိုင်း​ပန်တဝ (၃၆) နှစ်ဟာ စက်တင်ဘာ ၁၅ ရက်​နေ့​ မွန်း​လွဲ ၂ နာရီ​ကျော်​လောက်က ပစ်သတ်ခံခဲ့​ရတာလို့​ ​သေဆုံး​သူအသတ်ခံရတာကိုမြင်ပြီး ထွက်​ပြေး​ပုန်း​အောင်း​ရင်း​ အသက်ရှင်ကျန်ရစ်တဲ့​ ရွာသား​က ​ပြောပါတယ်။

ယာခင်း​ထဲမှာ ​မြေပဲပင်​ ပေါင်း​သင်​နေတုန်း​ အစိုး​ရစစ်​ကြောင်း​လာလို့ ​ကြောက်ရွံ့​ပုန်း​အောင်း​နေရာမှ ပစ်သတ်ခံခဲ့​ရတာလို့​ ဆိုပါတယ်။

သေဆုံး​သူအ​လောင်း​ကို စစ်တပ်က ​မြေမမြှုပ်ဘဲ ထား​ခဲ့​တဲ့​အတွက် ​ကျောဘက်က ကျည်ဆန်ဒဏ်ရာနဲ့​ အ​လောင်း​ကို ရွာသား​တွေက သင်္ဂြိုဟ်ခဲ့​ကြတယ်လို့​ ဆိုပါတယ်။

သေဆုံး​သူမှာ က​လေး​သုံး​ဦး​နဲ့​ ဇနီး​ကျန်ရစ်ခဲ့​တယ်လို့​ ရွာသား​က ​ပြောပါတယ်။

ပစ်ခတ်တဲ့​ စစ်တပ်ဟာ မိုင်း​အွတ်က​နေ ထွက်ခွာလာတဲ့​ အင်အား​တရာ​လောက်ရှိတဲ့​ တပ်မ​တော် ခလရ ၂၄၈ ဖြစ်တယ်လို့​ ဆိုပါတယ်။

ဒီဖြစ်ရပ်တွေကြောင့်  လုပ်ငန်းခွင်မဆင်းနိုင်အောင် ကြောက်ရွံ့နေရလို့ မလုံမခြုံဘ၀နဲ့ ၀မ်းစာစပါးပါ ခက်ခဲလာတဲ့အခြေအနေတွေကို​ ​ဒေသရွာသား​တွေက အစိုး​ရကိုတိုင်တန်း​ပေး​ဖို့​ ကျား​ဖြူပါတီကို အကူအညီ​တောင်း​ထား​တယ်လို့​ မိုင်း​ရယ်လွှတ်​တော်အမတ် ဦး​စိုင်း​စံ​ဖေက ​ပြောပါတယ်။

“ကျ​နော်တို့​ ကျား​ဖြူကိုပဲ အကူအညီ​တောင်း​တာ​ပေါ့​။ အခု​လော​လောဆယ် သက်ဆိုင်ရာ သူကြီး​ရယ်၊​ ​တောင်ယာလုပ်ကိုင်သူ​တွေကို ​ခေါ်ပြီး​တော့​ စာရင်း​လုပ်ထား​ပါတယ်။ စာရင်း​တွေရပြီး​ရင် ဗျူဟာမှူး​တွေနဲ့​ ​ပြေရာ​ပြေ​ကြောင်း​ ညှိနှိုင်း​ဆွေး​နွေး​ဖို့​ လုပ်​ဆောင်​နေပါတယ်။ အခုလို သင်္ကာမကင်း​ပစ်ခတ်မှု​တွေ မဖြစ်​အောင် ​ပြော​ပေး​မှာပါ။ တိုင်ကြား​တဲ့​သ​ဘောမျိုး​ မဟုတ်ဘဲနဲ့​ ​ပြေလည်ရာ​ပြေလည်​ကြောင်း​ ဝင်လုပ်​ပေး​တာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013