DVB Logo
Home
မြန်မာသတင်း
ကျောက်လုပ်ငန်းကုမ္ပဏီ ၃ ခု လုပ်ငန်းလိုင်စင်မရှိ၍ လုပ်ငန်းရပ်ဆိုင်းရန် တားမြစ်ခံရ
DVB
·
June 29, 2016
ကျောက်လုပ်ငန်းကုမ္ပဏီ ၃ ခု လုပ်ငန်းလိုင်စင်မရှိ၍ လုပ်ငန်းရပ်ဆိုင်းရန် တားမြစ်ခံရ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် တောင်ပုလုကျေးရွာအုပ်စု သရော်ကျင်းကျေးရွာ အနီးမှာ တည်ရှိတဲ့ မြတောက်တောင်နဲ့ တောင်ဆုံတောင်မှာ ကျောက်ထုလုပ်ငန်းပြုလုပ်နေတဲ့ ကုမ္ပဏီ ၃ ခုကို  လိုင်စင်မရှိတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရပ်ဆိုင်းဖို့ ဇွန်လ ၂၈ ရက်နေ့က တားမြစ်လိုက်ပါတယ်။

ကုမ္ပဏီတွေကတော့ ချင်းတွင်းနဂါးကုမ္ပဏီ၊ စိုးကြည်အောင်တည်ဆောက်ရေးကုမ္ပဏီ၊ မုံရွာ ဆောက်လုပ်ရေး ကုမ္ပဏီတို့ဖြစ်ကာ လုပ်ငန်းဆောင်ရွက်ရာမှာ ၂၀၁၃-၁၄ ခုနှစ်က နိုင်ငံတော်ကို တင်ပြထားတဲ့ စာရွက်စာတမ်းတွေသာရှိပြီး တရားဝင်ထုတ်ပေးထားတဲ့ လုပ်ငန်းလိုင်စင် မရှိတဲ့အတွင် ဒေသခံတွေ မကျေနပ်တာကြောင့် အခုလိုတားမြစ်ရတာလို့ တရော်ကျင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးပြေငြိမ်းက ပြောကြားပါတယ်။

ယင်းမာပင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ ကျောက်ထုလုပ်တဲ့ ကုမ္ပဏီ ၃ ခုကို တရားဝင်လုပ်ငန်း လိုင်စင်ရှိရင် ဆက်လက်လုပ်ကိုင်ခွင့်ပြုပေးမှာဖြစ်ကြောင်းနဲ့ လိုင်စင်ရရှိဖို့အတွက် တိုင်းဒေသကြီးအစိုးရဆီကို တင်ပြပေးသွားမယ်လို့ ပြောကြားပါတယ်။

မကြာသေးမီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ထုလုပ်ငန်းနဲ့ပတ်သတ်ပြီး ညွှန်းကြားချက် ၆ ကို ဇွန်လ ၂၀ ရက်က ထုတ်ပြန်ရာမှာ ထိုအချက်များအရ သမိုင်းအမွေနှစ်ရှိတဲ့ နေရာ၊ သဘာဝပတ်ဝန်းကျင်ဂေဟာကို ထိန်းညှိပေးနေတဲ့ နေရာ၊ သစ်တောဖုံးလွှမ်းတဲ့ နေရာ၊ မြို့ရွာနဲ့နီးတဲ့ နေရာ၊ လူနေဒေသနဲ့နီးတဲ့ နေရာ၊ ဘာသာရေးအဆောက်ဦနေရာ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းရှိတဲ့ နေရာတွေ ဖြစ်ကြောင်း သိရပြီး မြတောက်တောင်နဲ့ တောင်ဆုံတောင်တို့ဟာ အဆိုပါအချက်များနဲ့ ညှိစွန်းနေတယ်လို့ ဒေသခံများရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သတင်း - ရန်နိုင်စိုး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013