A d v e r t i s e m e n t With Us

ကာချုပ်နှင့် ထိုင်းကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံ

ဓာတ်ပုံ - Senior General Min Aung Hlaing
ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရ၀စ်ဝုန်းဆုဝမ်းနဲ့ အဖွဲ့ဟာ ဒီကနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိပြီဖြစ်ပြီး မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းကာကွယ်ရေးဝန်ကြီးဟာ မြန်မာကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖိတ်ကြားချက်အရ မြန်မာပြည် ကို  ဇွန်လ ၂၉ ရက်ကနေ  ၃၀ ရက်နေ့ အထိ ၂ ရက်တာ ခရီး ရောက်ရှိတာဖြစ်ပါတယ်။ သူရဲ့ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ တို့နဲ့တွေ့ဆုံပြီး ၂ နိုင်ငံ လုံခြုံရေးနဲ့ စစ်တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ခုန်းချိပ် တန့်တ၀ါးနစ်က မနေ့က  သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် သမ္မတ ဦးထင်ကျော်ကိုပါ သွားရောက်တွေ့ဆုံ ဂါရ၀ပြုမှာဖြစ်ပါတယ်။ သမ္မတနဲ့မတွေ့ခင် နိုင်ငံတော်၏အတိုင်ပင်ခံနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး တည်တံ့ခိုင်မြဲရေး၊ နှစ်နိုင်ငံပြည်သူများရဲ့ ဘ၀တိုးတက်ဖွံ့ဖြိုးရေး ကိစ္စတွေပါ ဆွေးနွေးဖို့ရှိတယ်လို့  ဗိုလ်ချုပ်ခုန်းချိပ်ရဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up