Saturday, June 10, 2023
တရက်တာအပစ်ရပ်​ရေး​ ​တောင်း​ဆိုမှုနှင့်​ပတ်သက်ပြီး​ ​​နော်စီဖိုး​ရာစိန်ကို ​မေး​မြန်း​ချက်
စက်တင်ဘာ ၂၁ ရက်​နေ့​မှာ ကျ​ရောက်မယ့်​ အပြည်ပြည်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​နေ့​မှာ တရက်တာ အပစ်ခတ်ရပ်စဲဖို့​ ​ကေအန်ယူက ​တောင်း​ဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​နေ့​မှာ ငြိမ်း​ချမ်း​ရေး​ကို လိုလား​ပြီး​ ကုလသမဂ္ဂကို ​လေး​စား​တဲ့​အ​နေနဲ့​ တရက်တာ အပစ်အခတ်ရပ်စဲဖို့​ အစိုး​ရဘက်ကို စက်တင်ဘာ ၁၅ ရက်​နေ့​စွဲနဲ့​ ​ကြေညာချက်ထုတ်ပြန် ​တောင်း​ဆိုလိုက်တာပါ။
ကေအန်ယူ အ​နေနဲ့​ အပစ်ရပ်ဖို့​ ဒုတိယအကြိမ်​တောင်း​ဆိုတာဖြစ်ပြီး​ မနှစ်က ​တောင်း​ဆိုမှုကို အစိုး​ရဘက်က မလိုက်​လျောခဲ့​ဘူး​လို့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။ ငြိမ်း​ချမ်း​ရေး​နေ့​ကို​လေး​စား​တဲ့​အ​နေနဲ့​ ကရင်ပြည်နယ်အတွင်း​ စစ်​ကြောင်း​တွေကို ရုပ်သိမ်း​ပေး​ဖို့​လည်း​ သမ္မတဦး​သိန်း​စိန်ကို ​တောင်း​ဆိုထား​ပါတယ်။
နော်စီဖိုးရာစိန်
တရက်တာ အပစ်ရပ်ဖို့​ ​တောင်း​ဆိုခဲ့​တာနဲ့​ပတ်သက်ပြီး​ ​ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​နော်စီဖိုး​ရာစိန်ကို ​မေး​မြန်း​ထား​ပါတယ်။
ဘာ​ကြောင့်​ တရက်တာ အပစ်အခတ် ရပ်စဲဖို့​ ​တောင်း​ဆိုရတာလဲ။
“ကမ္ဘာ့​ကုလသမဂ္ဂရဲ့​ ​ကြေညာချက်ကို ​လေး​စား​လိုက်နာတဲ့​အ​နေနဲ့​ ထုတ်ပြန်ခဲ့​တာပါ။ ကျမတို့​ ​ကေအန်ယူ အ​နေနဲ့​ ငြိမ်း​ချမ်း​ရေး​ကို လိုချင်တယ်၊​ ဗမာစစ်တပ်က ဒါကို လုပ်​ဆောင်ဖို့​၊​ လိုက်နာဖို့​၊​ ဒါကို​တောင်း​ဆို​နေတယ်။ ကျမတို့​ ဒါကို တရက်တာ ပြထား​တာပါ။ ​တောင်း​ဆိုတာက​တော့​ သူတို့​ဘက်က အပစ်အခတ် ရပ်စဲဖို့​အတွက်ပါ။”
တရက်တည်း​ကိုပဲ ဘာ​ကြောင့်​ ​တောင်း​ဆိုရတာလဲ။ ကျန်တဲ့​နေ့​တွေမှာ​ကော ဘာလို့​ အပစ်အခတ် ရပ်စဲဖို့​ မ​တောင်း​ဆိုတာလဲ။
“၂၁ ရက်​နေ့​က အပြည်ပြည်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​နေ့​ ဖြစ်တယ်၊​ ငြိမ်း​ချမ်း​ရေး​နေ့​မှာ ကျမတို့​လည်း​ အပြည်ပြည်ဆိုင်ရာ ငြိမ်း​ချမ်း​ရေး​နေ့​ရဲ့​ လက္ခဏာကို ပြသတဲ့​အ​နေနဲ့​ ကမ္ဘာ့​ကုလသမဂ္ဂက ချမှတ်ထား​တဲ့​ စည်း​မျဉ်း​တခုကို ကျမတို့​ ​လေး​စား​ထောက်ခံမှုကို ​ဖော်ပြတာဖြစ်တယ်။”
ကြေညာချက်ထဲမှာ အစိုး​ရအ​နေနဲ့​ ​ရှေ့​တန်း​မှာရှိ​နေတဲ့​ တပ်​တွေကိုလည်း​ ​နောက်ဆုတ်ဖို့​ ​ပြောထား​တယ်ဆို​တော့​ ဘယ်လိုမျိုး​ ​တောင်း​ဆိုမှု​တွေ ထပ်လုပ်ထား​တာ ရှိလဲ။
“ကျမတို့​ ​တောင်း​ဆိုတာက အစိုး​ရတပ်က ဒီ​နေ့​ ​ကေအန်ယူနဲ့​ အပစ်အခတ်ရပ်စဲဖို့​ လိုက်နာဖို့​ပါ။ မလိုက်နာဘဲ စစ်တပ်က လာတိုက်မယ်ဆိုရင် ပြန်လည်ခုခံမယ်၊​ ကျမတို့​ ဖြစ်​စေချင်တာက တရက်တည်း​မဟုတ်ဘဲ အစိုး​ရဘက်က တနိုင်ငံလုံး​ အပစ်အခတ် ရပ်စဲတာလုပ်​ဆောင်ဖို့​ ​တောင်း​ဆိုပါတယ်။ နိုင်ငံတကာကလည်း​ တနိုင်ငံလုံး​ အပစ်အခတ်ရပ်စဲဖို့​အတွက် မြန်မာအစိုး​ရကို ဖိအား​တွေ​ပေး​ဖို့​၊​ နိုင်ငံ​ရေး​အရ ​ဆွေး​နွေး​ပွဲဖြစ်လာနိုင်ဖို့​အတွက် မြန်မာအစိုး​ရကို တိုက်တွန်း​ဖို့​ ကျမတို့​ ​တောင်း​ဆိုတာပါ။”
ကရင်ပြည်နယ်အတွင်း​မှာ ​နေ့​စဉ်ဆိုသလို အစိုး​ရတပ်နဲ့​ ​ကေအန်ယူတပ်ဖွဲ့​တွေအကြား​ တိုက်ပွဲဖြစ်ပွား​နေပါတယ်။
အခုလ ၁၆ ရက်​နေ့​ကလည်း​ ကရင်ပြည်နယ် မြဝတီမြို့​နယ်၊​ ဝါ့​မေထာ့​ရွာအနီး​ တိုက်ပွဲဖြစ်ပွား​ခဲ့​လို့​ နှစ်ဖက်ထိခိုက်မှု​တွေရှိခဲ့​ပါတယ်။
RELATED ARTICLES
- Advertisment -
Google search engine
Most Popular