မိုးညှင်းမြို့တွင် မိုင်းအန္တရာယ် ရှောင်နိုင်ရေး အသိပညာပေး ဆွေးနွေး
DVB
·
June 29, 2016
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဇွန် ၂၈ ရက်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းအန္တရယ် အသိပညာပေးအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။
ဟိုတယ်မိုးညှင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်စီစဉ်မှုနဲ့ လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ဒိန်းမတ်လူမှုရေးအဖွဲ့စည်း (DRC) တို့ ပူးပေါင်းပြီး မိုးညှင်းမြို့နယ် ခရိုင်ဌာနဆိုင်ရာတွေ စေတနာ့ဝန်ထမ်းအဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။
၂ ရက်ကြာ ပြုလုပ်မယ့်ဆွေးနွေးပွဲမှာ မိုင်းအမျိုးမျိုးတို့ရဲ့အန္တရယ်တွေကို ရှောင်နိုင်ဖို့ အသိပညာပေးလက်ဆင့် ကမ်းနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင့် ရှမ်းမြောက် လားရှိုး ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့မှာလည်း ရက် ၁၀၀ စီမံကိန်းအမီ သွားရောက်ပြီး မိုင်းအသိပညာပေးဆွေးနွေးဖို့လည်း စီစဉ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သတင်းနှင့်ဓာတ်ပုံ - Mone Mone Min
