နေတိုးထက်အရပ်ပိုရှည်တယ်လို့ ပြောလိုက်တဲ့ ဗီယက်နမ်အလှမယ် (ရုပ်သံ)

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေက သူနဲ့ ရုပ်ရှင်တွဲဖက်ရိုက်ကူးမယ့် မင်းသား နေတိုးထက် သူက အရပ်ပိုရှည်တယ်လို့ မနေ့ကပြုလုပ်တဲ့ မီဒီယာများနဲ့ တွေ့ဆုံပွဲတခုမှာ ပြောလိုက်ပါတယ်။ မင်းသမီးဟာ ရုပ်ရှင်ဇာတ်ကားအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လာရောက်ပြုလုပ်တာဖြစ်ပြီး ဘောက်ထော်က Media 7 စတူဒီယိုမှာ ဒီဗွီဘီနဲ့ တွေ့ဆုံချိန် ရယ်ရယ်မောမောနဲ့ ပြောဆိုခဲ့တာပါ။ သူမဟာ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် လာရောက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတော့ မေမြတ်နိုး အပါအ၀င်  မြန်မာအလှမယ်အချို့နဲ့ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ကြပြီး ဇွန်လ ၃၀ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံကို ပြန်မယ်လို့ ဆိုပါတယ်။ ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မေဟာ ရုပ်ရှင်တခါမှ မရိုက်ဖူးသေးဘဲ မြန်မာနိုင်ငံမှာ စတင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ခင်ဝင့်ဝါတို့နဲ့အတူ ပထမဆုံး သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားနာမည်ကိုတော့ အတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးပါဘူး။ သူမဟာ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Universe Vietnam 2014 ပြိုင်ပွဲတုန်းက 1st Runner Up ဆု ရရှိခဲ့တာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up