DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီကိုယ်စားလှယ် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာ
DVB
·
June 28, 2016
အန်အယ်လ်ဒီကိုယ်စားလှယ် ၂၁ ဦး တရုတ်နိုင်ငံသို့ လေ့လာရေးခရီး ထွက်ခွာ
Donate to DVB

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းနဲ့ပြည်နယ်အသီးသီးက ကိုယ်စားလှယ် ၂၁ ဦး တရုတ်နိုင်ငံကို လေ့လာရေးခရီးစဉ်အဖြစ် မနေ့က  ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။

ဒီခရီးစဉ်ဟာ ချစ်ကြည်ရေးအရ သွားရောက်တာဖြစ်ပြီး ၁၀ ရက်ကြာမြင့်မှာဖြစ်တယ်လို့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“သူတို့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ သွားကြတာပါ။ ၁၀ ရက်လောက်ပဲကြာမယ်။ အန်အယ်ဒီက ပြည်နယ်၊ တိုင်းအသီးသီးက ရွေးပေးတဲ့လူတွေကို ကျနော်တို့ လွှတ်တာ။ အားလုံး ၂၁ ယောက်ပါ။ သူတို့ရဲ့ဖိတ်စာမှာတော့ တခြားမပါပါဘူး။ ချစ်ကြည်ရေးဖိတ်စာပါပဲ။ ”

ပြီးခဲ့တဲ့ ၂၀၁၄ ခု နိုဝင်ဘာလတုန်းကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ် ၄ ဦးအပါအ၀င် ဗဟိုကော်မတီဝင် ၁၂ ဦး တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ပါတယ်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ခု ဇွန်လ မှာ ပထမဆုံး အကြိမ် တရုတ်နိုင်ငံခရီးစဉ် သွားရောက်ခဲ့ပြီး သူရဲ့ ၅ ရက်တာ ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင်းဖျင်၊ ဝန်ကြီးချုပ် လီကွတ်ခိုင် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်အစိုးရဟာ အရင်က  မြန်မာစစ်အစိုးရပိုင်းနဲ့  စီးပွားရေးနဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန် ဆက်ဆံမှုတွေ ပိုမိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုအစိုးရသစ်လက်ထဲမှာ အန်အယ်လ်ဒီပါတီကို ချစ်ကြည်ရေးခရီးစဉ်ဖိတ်ကြားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013