DVB Logo
Home
မြန်မာသတင်း
မန္တလေးလမ်းမပေါ်တွင် ပိတ်ဆို့ရောင်းချနေသည့် ဈေးသည်များကို စည်ပင် အရေးယူမည်
DVB
·
June 28, 2016
မန္တလေးလမ်းမပေါ်တွင် ပိတ်ဆို့ရောင်းချနေသည့် ဈေးသည်များကို စည်ပင် အရေးယူမည်
Donate to DVB

မန္တလေးမြို့က လမ်းမပေါ်မှာ လမ်းပိတ်ဆို့ရောင်းချနေတဲ့ ဈေးသည်တွေ လမ်းပေါ်ကျူးခင်းထား တဲ့ ကုန်ဆိုင်တွေကအစ ဇူလိုင် ၁၅ ရက်ကစတင်ပြီး မန္တလေးစည်ပင်သာယာရေး ကော်မတီက တည်းဆဲဥပဒေ နည်းဥပဒေနဲ့စတင်အရေးယူတော့မှာ ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

လူသွားစင်္ကြပေါ်မှာ ကျူးကျော်ပြီး ပစ္စည်းထားရှိတဲ့ နေအိမ်၊ ဈေးဆိုင်၊ စားသောက်ဆိုင်တွေက အစ ရောင်းကုန်ပစ္စည်း ဆောက်လုပ်ရေးပစ္စည်းတွေကို လမ်းဆုံ လမ်းခွ လမ်းထောင့်တွေမှာ ပစ္စည်းထားတာတွေ လုံးဝမပြုလုပ်ရပါဘူး။

လက်တွန်းလှည်းရောင်းသူတွေလည်း ရွှေ့လျားစနစ်နဲ့ ရောင်းရမှာဖြစ်ပြီး လမ်းဘေးမှာ ရောင်းချတဲ့ တရားမ၀င်လောင်စာဆီ၊ စက်သုံးဆီတွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013