DVB Logo
Home
မြန်မာသတင်း
ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ တိုက်ရိုက်​ရွေး​ချယ်မှုအဆို ရှုံး​နိမ့်
DVB
·
September 19, 2011
ရပ်ကွက်အုပ်ချုပ်​ရေး​မှူး​ တိုက်ရိုက်​ရွေး​ချယ်မှုအဆို ရှုံး​နိမ့်
Donate to DVB

ရပ်ကွက်​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ​ရွေး​ချယ်မှုရာမှာ အများ​ဆန္ဒသ​ဘောထား​အရ တိုက်ရိုက်​ရွေး​ချယ်ဖို့​ တင်သွင်း​တဲ့​အဆိုကို ပြည်သူ့​လွှတ်​တော်မှာ မဲခွဲရာ ရှုံး​နိမ့်​သွား​ပါတယ်။

ရန်ကုန်တိုင်း​ သင်္ကန်း​ကျွန်း​မြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​သိန်း​ညွန့်​က အဆိုတင်သွင်း​တဲ့​အ​ပေါ် ​သောကြာ​နေ့​က မဲခွဲဆုံး​ဖြတ်လိုက်ရာမှာ ရှူံး​နိမ့်​ခဲ့​တယ်လို့​ ရခိုင်ပြည်နယ် ​မြေပုံမြို့​နယ် ပြည်သူ့​လွှတ်​တော်အမတ် ဦး​ဖေသန်း​က ​ပြောပါတယ်။

၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေမူကြမ်း​အရ မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ​ရွေး​ချယ်တဲ့​ ကြီး​ကြပ်​ရေး​မှူး​ ငါး​ယောက်က ဆယ်အိမ်စု​တွေအလိုက် မဲ​ပေး​စေပြီး​ ​ရွေး​မှာဖြစ်ပါတယ်။ ဥပမာ ရွာမှာ ၃၀ ရှိရင် အဲဒီ ၃ဝထဲကမှ သူတို့​အဆိုတင်သွင်း​တဲ့​ လူ​တွေကို ဆယ်အိမ်မှူး​တွေကပဲ မဲ​ပေး​ပြီး​တော့​ ရပ်ကွက် ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ​ရွေး​မယ်လို့​ ပါရှိပါတယ်။

ဦး​သိန်း​ညွန့်​က ဆယ်အိမ်မှူး​တွေက ​ရွေး​ချယ်တာထက် ပိုမိုကျယ်ပြန့်​အောင် တရွာလုံး​မဲ​ပေး​ဖို့​ အဆိုတင်တဲ့​အ​ပေါ် မဲခွဲရာမှာ ရှုံး​သွား​တာပါ။

ဒီအဆိုအ​ပေါ် ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကိုကိုက စရိတ်စကအကုန်အကျ များ​တဲ့​အပြင် ပြည်သူ​တွေအကြား​မှာ မဲကွဲလာပြီး​တော့​ ရပ်ရွာ​ကျေး​ရွာရဲ့​ မငြိမ်မသက်မှုကို ဖြစ်နိုင်တဲ့​အ​ကြောင်း​ ပြန်လည်ရှင်း​လင်း​ခဲ့​ပြီး​ မဲခွဲခဲ့​တာ ဖြစ်ပါတယ်။

ဦး​သိန်း​ညွန့်​ရဲ့​အဆို ရှုံး​နိမ့်​ခဲ့​မှုနဲ့​ပတ်သက်ပြီး​ ​မြေပုံအမတ် ဦး​ဖေသန်း​က “မဲ​ပေး​တယ်ဆိုတာ​တော့​ ကျ​နော်တို့​ ​ရွေး​ကောက်ပွဲလည်း​ အဲလိုပဲ ကွဲခဲ့​ကြတာပဲ။ ကုန်ကျစရိတ်နဲ့​ပတ်သက်လို့​ သူတို့​ပြောတာကို တချို့​တဝက်​တော့​လက်ခံပါတယ်။ ဒါ​ပေမယ့်​ ကုန်ကျစရိတ် နည်း​နည်း​နဲ့​ လုပ်​ပေး​နိုင်တဲ့​ အပိုင်း​တွေလည်း​ ရှိပါတယ်။ တ​ယောက်ကို စာရွက် တရွက်​လောက်နဲ့​ သွား​ပေး​ကြဆိုလည်း​ ဖြစ်တာ​ပေါ့​။

“ကျ​နော်တို့​က​တော့​ ဦး​သိန်း​ညွန့်​ဘက်က ​ထောက်ခံ​ပေး​လိုက်ပါတယ်။ ဒါ​ပေမယ့်​ ပြည်ခိုင်ဖြိုး​အမတ်အများ​စုနဲ့​ တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေက မ​ထောက်ခံ​တော့​ သူ့​အဆိုက ရှုံး​နိမ့်​သွား​တယ်။ ရှုံး​ပြီး​တော့​ ဘဝင်မကျ​ပေမယ့်​ အများ​စုက ဆုံး​ဖြတ်ချက်ဆို​တော့​ လက်ခံရတာ​ပေါ့​” လို့​ ​ပြောပါတယ်။

ဒီက​နေ့​လွှတ်​တော်မှာ ၂၀၁၁ လယ်ယာ​မြေဥပ​ဒေမူကြမ်း​ကိုလည်း​ ​ဆွေး​နွေး​ကြတယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013