A d v e r t i s e m e n t With Us

ဒလမြို့​နယ် အဖွဲ့​ချုပ်လူငယ်တဦး​ မူး​ယစ်ရမ်း​ကား​မှုဖြင့်​ တရား​စွဲဆိုခံရ

မူး​ယစ်ရမ်း​ကား​မှုနဲ့​ တရား​စွဲဆိုခံရတဲ့​ ရန်ကုန်တိုင်း​ ဒလမြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဆက်သွယ်​ရေး​လူငယ် ကို​နေလင်း​ဦး​ကို ဒီ​နေ့​ အမှုစတင်စစ်​ဆေး​ပါတယ်။ အခုလ ၁၅ ရက်​နေ့​က အဖွဲ့​ချုပ်ဗဟိုဌာနချုပ်မှာ ကျင်း​ပတဲ့​ အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ကို တက်​ရောက်ပြီး​အပြန်မှာ ဖမ်း​ဆီး​ခံရပုံကို ကို​နေလင်း​ဦး​က ခုလို ရှင်း​ပြပါတယ်။ “ကျ​နော်က ဧရာဝတီပန်ကြား​ချက်ရယ်၊​ ဒဂုန်တာရာရဲ့​ ငြိမ်း​ချမ်း​ရေး​သဝဏ်လွှာကို ဖတ်ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​ လွတ်​မြောက်​ရေး​ ဒို့​အ​ရေး​ဆိုပြီး​ ​အော်ပါတယ်။ ဒလရဲစခန်း​က ရဲ အ​ယောက် ၂၀ ​လောက် ကျ​နော့်​ကို လက်ထိတ်ခတ်ပြီး​ ဖမ်း​သွား​တယ်။ မနက်​ရောက်​တော့​ မူး​ယစ်ရမ်း​ကား​မှုနဲ့​ တရား​စွဲလိုက်ပါတယ်။” ဖမ်း​ဆီး​ခံရချိန် သူဝတ်ထား​တဲ့​ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​ဒေါ်​အောင်ဆန်း​စုကြည် ပုံပါတီရှပ်ကိုလည်း​ ချွတ်ခိုင်း​ခဲ့​တယ်လို့​ ဆိုပါတယ်။ စက်တင်ဘာ ၁၅ ရက်​နေ့မှာ ချုပ်​နှောင်တရား​စွဲခံရပြီး​ ၁၆ ရက်​နေ့​ ည​နေပိုင်း​မှာ ​ငွေ ၁၀ သိန်း​နဲ့​ အာမခံရခဲ့​တယ်လို့​ ကို​နေလင်း​ဦး​က ​ပြောပါတယ်။ အာဏာပိုင်​တွေက သူ့​ကို ပုဒ်မ ၄၁ - မူယစ်ရမ်း​ကား​မှုနဲ့​ တရား​စွဲဆိုထား​ပါတယ်။ ဒီ​နေ့​မှာ တရား​လိုပြသက်​သေကို စစ်​ဆေး​မှာဖြစ်ပြီး​ လာမယ့်​ ၂၁ ရက်​နေ့​ ဒုတိယရုံး​ချိန်း​ ထပ်ချိန်း​တယ်လို့​ ​ပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်​နေ့​မှာ ကျ​ရောက်တဲ့​ အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ကို အစိုး​ရက ပထမဦး​ဆုံး​ အဖြစ် ​နေပြည်​တော်မှာကျင်း​ပခဲ့​သလို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရုံး​မှာလည်း​ ကျင်း​ပခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up