DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် စိတ်မနှံ့သည့် အမျိုးသား ၁ ဦး ရထားကြိတ် သေဆုံး
DVB
·
June 28, 2016
ပဲခူးတွင် စိတ်မနှံ့သည့် အမျိုးသား ၁ ဦး ရထားကြိတ် သေဆုံး
Donate to DVB

ပဲခူးမြို့မှာ ဒီနေ့ မနက်ပိုင်း စိတ်မနှံတဲ့ အမျိုးသား ၁ ဦး ရန်ကုန်-မန္တလေး အဆန်ရထားကြိတ်မိ သေဆုံးခဲ့တယ်လို့ ပဲခူးမြို့ အမှတ် ၂ နယ်မြေ ရဲစခန်းက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်နဲ့ ကျွန်းသာယာ ရပ်ကွက်အကြား ရန်ကုန်-မန္တလေး အဆန်ရထားလမ်းပေါ်မှာ အသက် ၄၀ ခန့်ရှိ အမျိုးသားတဦး ရထားကြိတ် သေဆုံးခဲ့တာပါ။

အခင်းဖြစ်နေရာကို ပဲခူးမြို့ အမှတ်(၂)နယ်မြေ ရဲစခန်းမှ ရဲဘုပ်စိန်လွင်၊ တာဝန်မှူး ဒုရဲအုပ် နေလင်းထွန်းနဲ့ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးနဲ့ နယ်ထိန်းအဖွဲ့တို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။

သေဆုံးသူမှာ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်နေသူ ဦးမိုးသီတာကြီးရဲ့သား ကိုဝင်းဦး (ခ) အလာလူး (ဟိန္ဒူဗုဒ္ဓ)ဖြစ်ပြီး သူဟာ စိတ်မနှံ့သူတဦးဖြစ်ကာ ရန်ကုန်- မန္တလေး အဆန် 933 ကုန်ရထား DF 1208 လာတဲ့အချိန် ကြိတ်မိသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ အလောင်းကို ဆေးရုံသို့ ပို့ဆောင်ပြီး ရဲလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်သွားမယ်လို့ အမှတ်(၂)နယ်မြေ ရဲစခန်းမှူး ရဲအုပ်စိန်လွင် ကပြောသည်။

သတင်း၊ ဓာတ်ပုံ - အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013