DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့​ပတ်ရထား​ခ​ဈေး​နှုန်း​ တိုး​မြှင့်ရန် အစီအစဉ်မရှိ​သေး
DVB
·
September 19, 2011
ရန်ကုန်မြို့​ပတ်ရထား​ခ​ဈေး​နှုန်း​ တိုး​မြှင့်ရန် အစီအစဉ်မရှိ​သေး
Donate to DVB

ရန်ကုန်မြို့​ပတ် ရထား​လုပ်ငန်း​ကို ​ပြေး​ဆွဲခွင့်​ပြုဖို့​ ပုဂ္ဂလိကကို ချ​ပေး​ပေမယ့်​ အခုထိ သ​ဘောတူညီချက်မရ​သေး​သလို ​ဈေး​နှုန်း​မြှင့်​ဖို့​လည်း​ အစီအစဉ်မရှိ​သေး​ဘူး​လို့​ ရန်ကုန် ဗဟိုမီး​ရထား​ဌာန တာဝန်ကျ ဒုတိယရုံပိုင်က ​ပြောပါတယ်။

ပုဂ္ဂလိကမ​ပြောင်း​ခင်မှာ မြို့​တပတ်ကို ၂၀ ကျပ်က​နေ ၁၀၀ ကျပ်ထိ မြန်မာ့​မီး​ရထား​က တိုး​ယူမယ်ဆိုတဲ့​ ​ကောလာဟလ​တွေ ထွက်​နေတဲ့​အ​ပေါ် ဒုတိယရုံပိုင်က အခုလို ​ပြောလိုက်တာပါ။

ပုဂ္ဂလိကကို ချ​ပေး​မယ်ဆို​ပေမယ့်​ အလွန်အမင်း​ ​ဈေး​မြှင့်​တင်တာမျိုး​ကို​တော့​ မြန်မာ့​မီး​ရထား​က လက်မခံပါဘူး​လို့​ ဆိုပါတယ်။

“နှုန်း​ကလည်း​ အများ​ကြီး​မြှင့်​လို့​မရဘူး​၊​ သူတို့​သတ်မှတ်ချက် ရှိလိမ့်​မယ်။ မြှင့်​ချင်တိုင်း​ ကိုက်​အောင် မြှင့်​လို့​က​တော့​ လက်ခံမှာမဟုတ်ဘူး​လေ။ ဘာလို့​လည်း​ ဆို​တော့​ အ​ခြေခံလူတန်း​စား​တွေသွား​နိုင်​အောင် လုပ်ထား​ပေး​တာကိုး​။ အဲဒါ​တွေက သူတို့​ညှိနှိုင်း​ကြဦး​မှာပါ။ လုပ်ချင်တဲ့​သူ​တွေကို ပြန်​ခေါ်မယ်။ ပြန်​ခေါ်ပြီး​တော့​မှ ဆွဲချင်တဲ့​သူ​တွေ ​ပေါ်လာရင် လုပ်ဖြစ်ရင်လည်း​ လုပ်ဖြစ်မှာ​ပေါ့​။ ဒါက​တော့​ ဂဃနဏ​တော့​ ကျ​နော်တို့​လည်း​ မသိ​သေး​ပါဘူး​။"

အစိုး​ရက ကိုင်တွယ်စဉ်တ​လျှောက် လစဉ်ကျပ်​ငွေသန်း​ ၂၂၀ ​ကျော် အရှုံး​ပြ​နေတဲ့​ မြို့​ပတ်မီး​ရထား​ ​ပြေး​ဆွဲခွင့်​ ပုဂ္ဂလိကကို ချ​ပေး​မယ့်​အ​ကြောင်း​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​က ဩဂုတ်လတွင်း​ ​နေပြည်​တော်မှာကျင်း​ပတဲ့​ အလုပ်ရုံ​ဆွေး​နွေး​ပွဲမှာ ​ပြောဆိုခဲ့​တာပါ။

ပုဂ္ဂလိက လက်လွှဲယူရင် ​ဈေး​တက်လာမှာဖြစ်​ပေမယ့်​ ဝန်​ဆောင်မှု ​ကောင်း​လာလိမ့်​မယ်လို့​လည်း​ မီး​ရထား​ဝန်ကြီး​က ​ပြောဆိုခဲ့​ပါတယ်။

လက်ရှိ မြို့​ပတ်ရထား​နှုန်း​ထား​ဟာ ၁၅ မိုင်​အောက်ဆိုရင် ကျပ် ၁၀ နှုန်း​ကျသင့်​ပြီး​ ၁၅ မိုင်​ကျော်ရင် မြို့​တပတ်နှုန်း​အထိ ကျပ် ၂၀ နှုန်း​ ကျသင့်​ပါတယ်။

ရန်ကုန်မြို့​ပတ်ရထား​ပြေး​ဆွဲမှုကို မြန်မာ့​မီး​ရထား​လုပ်ငန်း​က ​ဆောင်ရွက်​နေပြီး​ မြို့​ပတ်ရထား​တွဲဆိုင်း​ ၂၁ ဆိုင်း​နဲ့​ ​နေ့​စဉ်အ​ခေါက်​ရေ ၂၀၀ ခန့်​ ​ပြေး​ဆွဲ​နေပါတယ်။

အခု​လော​လောဆယ်မှာ အစိုး​ရကဆွဲ​နေတဲ့​ ရန်ကန်ုမြို့​ပတ်ရထား​ဟာ တလကို ကျပ်​ငွေ ၂၆၉ သန်း​ ကုန်ကျစရိတ်ရှိပြီး​ ဝင်​ငွေအ​နေနဲ့​ သန်း​ ၄၀ ​ကျော်သာ ပြန်ရ​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013