အင်္ဂလန်-အိုက်စလန် ပွဲရလဒ်အပေါ် အင်္ဂလန်ပရိသတ် အကြီးအကျယ် စိတ်ပျက်

အင်္ဂလန်ပရိသတ်အချို့။ (ဓာတ်ပုံ - ရိုက်တာ)
ယူရို ၂၀၁၆ ရှုံးထွက်အဆင့်မှာ အင်္ဂလန်အသင်းနဲ့ အိုက်စလန်အသင်းတို့ရဲ့ ပွဲရလဒ်အပေါ် နှစ်ဘက်ပရိသတ်တွေ မယုံနိုင်အောင် ဖြစ်နေကြပါတယ်။ ဇွန် ၂၇ ရက်ကပွဲမှာ အိုက်စလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားတဲ့အတွက် အင်္ဂလန်အသင်း ပရိသတ်တွေ အကြီးအကျယ် စိတ်ပျက်နေကြပါတယ်။ တချို့ အင်္ဂလန်ပရိသတ်တွေက အိုက်စလန်ကိုရှုံးတာ ရှက်စရာကောင်းတယ်လို့ ပြောကြပါတယ်။ အိုက်စလန်အသင်းအတွက်ကတော့ မျှော်လင့်မထားတဲ့ သမိုင်းဝင်အောင်ပွဲ  ဖြစ်သွားပါတယ်။ အိုက်စလန်အသင်းဟာ ကွာတားအဆင့်မှာ အိမ်ရှင် ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up