DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းကို ပိုက်ပို့မည့် ၂၂ ဘီးကား ယူကလစ်ပင် ဝင်တိုက်
DVB
·
June 27, 2016
လက်ပံတောင်းကို ပိုက်ပို့မည့် ၂၂ ဘီးကား ယူကလစ်ပင် ဝင်တိုက်
1 / 7
Donate to DVB

မုံရွာမြို့ မြို့ရှောင်လမ်းမှာ ဒီနေ့ မနက်ပိုင်က ဖိုက်ဘာပိုက်လုံးတင်ဆောင်လာတဲ့ ၂၂ ဘီးတွဲကားဟာ လမ်းဘေး ယူကလစ်ပင်ကို ၀င်တိုက်မိတဲ့အတွက် ကားခေါင်းခြမ်း ကြေမွပျက်စီးသွားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မြို့ရှောင်လမ်း ကျွဲရဲလမ်းဆုံအဝိုင်းအနီး ယာဉ်မောင်း အိုက်ထွေး မောင်းနှင်လာတဲ့ 4F/5158 ဖိုက်ဘာပိုက်လုံးတွေ တင်ဆောင်လာတဲ့ ၂၂ ဘီးတွဲကား တစီး ဇွန်လ ၂၇ ရက်နေ့ မနက် ၃ နာရီအချိန်က လမ်းဘေးရှိ ယူကလစ်ပင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် တဦးတယောက်မှ ထိခိုက်ဒဏ်ရာမရရှိခဲ့ဘဲ ကားခေါင်းခြမ်းကတော့ ကြေမွပျက်စီးသွားခဲ့ပါတယ်။ ကားပေါ်မှာ ဒရိုင်ဘာတယောက်သာပါဝင်ပြီး အိပ်ငိုက်သွားတဲ့ အချိန် လမ်းကွေ့လည်းဖြစ်လို့ အခုလိုဖြစ်သွားရတာလို့ နီးစပ်ရာ ကားသမားတဦးထံက သိရပါတယ်။

ပိုက်လုံးတွေက လက်ပံတောင်းတောင်ကိုပို့မယ့် ပိုက်လုံးတွေလို့လည်း သိရပါတယ်။ ယာဉ်မတော်တဆဖြစ်မှုကြောင့် ယာဉ်မောင်း အိုက်ထွေး ကို အမှတ် ၁၇ ယာဉ်ထိန်းတပ်ဖွဲ့ ခွဲ(မုံရွာ)မှ ယာဉ် (ပ) ၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ အရေးယူဆောင်ရွက် နေတယ်လို့သိရပြီး ဆုံးရှုံးတန်ဖိုး ၅ သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013