DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် နေအိမ်မီးလောင်၊ ပိုလီယိုဝေဒနာရှင်အမျိုးသား ၁ ဦးသေဆုံး
DVB
·
June 27, 2016
မော်လမြိုင်တွင် နေအိမ်မီးလောင်၊ ပိုလီယိုဝေဒနာရှင်အမျိုးသား ၁ ဦးသေဆုံး
1 / 6
Donate to DVB

ဇွန်လ ၂၇ ရက်နေ့က မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ပုလဲလမ်း အိမ်အမှတ် ၃၄ နေအိမ်မှာ မနက် ၁၀ နာရီဝန်းကျင်ကမီးလောင်ကျွမ်းမှုကြောင့် အမျိုးသားတဦး သေဆုံးခဲ့ရပါတယ်။

အသက် ၃၅ နှစ်အရွယ် မွေးရာပါပိုလီယို ဝေဒနာရှင် ၁ ဦး မီးလောင်မှုကြောင့် သေဆုံးခဲ့ရတာပါ။

မော်လမြိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ အဆိုပါနေ အိမ်ရှိ မီးအားမြင့်စက် အပူလွန်ကဲရာမှတဆင့် ဝါယာရှော့ဖြစ်ပြီး အနီးရှိ တင်ဒါပုလင်းတွေကို မီးကူးစက်လို့ နေအိမ် မီးလောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် အိမ်ရှင်ဖြစ်သူအား မော်လမြိုင်မြို့မြို့မ ရဲစခန်းမှာ မြို့နယ် မီးသတ်တပ်ဖွဲ့မှာ ပေါ့ဆမီးပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

(သတင်းနှင့် ဓာတ်ပုံ - ကျော်စိုး)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013