DVB Logo
Home
မြန်မာသတင်း
ဆွမ်းခံကြွ ကိုရင်နှစ်ပါးကို တိုက်ပြီးထွက်ပြေးသည့်ကား ဖမ်းမိပြီ
DVB
·
June 26, 2016
ဆွမ်းခံကြွ ကိုရင်နှစ်ပါးကို တိုက်ပြီးထွက်ပြေးသည့်ကား ဖမ်းမိပြီ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့မှာ ကိုရင် နှစ်ပါးကို တိုက်ပြီးထွက်ပြေးသွားတဲ့ ကားကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲ့ဝင်တွေက ကျောက်တံခါးမြို့မှာ ဖမ်းဆီးမိခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်း ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းရဲ့မြောက်ဘက် ၁ ဖာလုံလောက်အကွာ ရန်ကုန် -မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၂/၀ နဲ့ ၁၃၂/၁ အကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့နယ် ပိတ်ဖြူတောရ ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေ ဆွမ်းခံကြွလာစဉ် မန္တလေးဘက်ကနေ မောင်းနှင်လာတဲ့ ကားက ဝင်တိုက်သွားကာ မောင်းနှင်ထွက်ပြေးသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ကိုရင်ဒီပ အသက် ၁၂ နှစ်နဲ့ ကိုရင် စန္ဒာသီရိ ၁၃ နှစ်တို့ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားတယ်လို့ ကညွတ်ကွင်း ရဲစခန်းက ပြောပါတယ်။

13501955_923351027787965_2943884402249483781_nယာဉ်မောင်းဖြစ်သူကို ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းမှ ယာဉ်(ပ) ၅ /၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄ .က အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013