ကျပ်သန်းပေါင်း ၅၅၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးများ မီးရှို့ဖျက်ဆီး (ဓာတ်ပုံ)
DVB
·
June 26, 2016
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အဖြစ် မန္တလေးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိတဲ့ ကျပ်သန်းပေါင်း ၅၅၀၀ လောက်တန်ဖိုးရှိ မူယစ်းဆေးဝါးတွေကို ဇွန်လ ၂၆ ရက်နေ့က မန္တလေး တောင်ခြေ ရွှေမန်းတောင်အားကစားကွင်းမှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးပွဲကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်လည်း တက်ရောက်ခဲ့ပါတယ်။
သတင်းဓာတ်ပုံ - အိမ်ခိုင်မြဲ