A d v e r t i s e m e n t With Us

ကညွတ်ကွင်းတွင် ဆွမ်းခံကြွ ကိုရင် ၂ ပါး ယာဉ်တိုက်မှုကြောင့် ပျံလွန်

ပဲခူးတိုင်းဒေသကြီး ကညွန်ကွင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက ဆွမ်းခံကြွလာတဲ့ ကိုရင် ၂ ပါး ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူသွားပါတယ်။ ကညွတ်ကွင်း နယ်မြေရဲတပ်ဖွဲစခန်းရဲ့မြောက်ဘက် ၁ ဖာလုံလောက်အကွာ ရန်ကုန် -မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၃၂/၀ နဲ့ ၁၃၂/၁ အကြားမှာ ဒီနေ့မနက်အစောပိုင်း ၅ နာရီလောက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်မှာ ကညွတ်ကွင်းမြို့နယ် ပိတ်ဖြူတောရ ဘုန်းတော်ကြီးကျောင်းက သံဃာတော်တွေ ဆွမ်းခံကြွလာစစဉ် မန္တလေးဘက်ကနေ မောင်းနှင်လာတဲ့ ကားက ဝင်တိုက်သွားတာဖြစ်ပြီး တိုက်တဲ့ယာဉ်က မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ကိုရင်ဒီပ အသက် ၁၂ နှစ်နဲ့ ကိုရင် စန္ဒာသီရိ ၁၃ နှစ်တို့ အခင်းဖြစ်နေရာမှာ ပျံလွန်တော်မူသွားတယ်လို့ ကညွတ်ကွင်း ရဲစခန်းက ပြောပါတယ်။ ကညွတ်ကွင်းနယ်မြေရဲတပ်ဖွဲစခန်းက ထွက်ပြေးသွားတဲ့ ယဉ်ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)

A d v e r t i s e m e n t With Us

More News
Up