Saturday, June 10, 2023
Homeမွနျမာသတငျးမြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် ၀က်ဘ်ဆိုက်အချို့ ဖွင့်ကြည့်နိုင်ပြီ

မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် ၀က်ဘ်ဆိုက်အချို့ ဖွင့်ကြည့်နိုင်ပြီ

မြန်မာနိုင်ငံမှာ ကာလကြာရှည် ပိတ်ထားတဲ့ ပြည်ပအခြေစိုက် သတင်းဌာန ၀က်ဘ်ဆိုက်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ပြန်ကြည့်လို့ ရနေပြီဖြစ်ကြောင်း အင်တာနက် သုံးစွဲသူတွေက ပြောပါတယ်။

၂၀၀၃ ခုနှစ်ကတည်းက ပိတ်ပင်ထားခဲ့တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီ စတဲ့ နိုင်ငံခြား အခြေစိုက် သတင်းဌာနတွေရဲ့ ၀က်ဘ်ဆိုက် စာမျက်နှာတွေကို စက်တင်ဘလ ၁၅ ရက်နေ့က စပြီး ဖွင့်ကြည့်လို့ရတာလို့ ရန်ကုန်မြို့ခံ အင်တာနက် သုံးစွဲသူတွေက ပြောဆိုနေကြတာပါ။

အစိုးရအနေနဲ့ မီဒီယာတွေကို လွတ်လပ်စွာ ကြည့်ရှုခွင့်ပေးတဲ့အပေါ် အင်တာနက် သုံးစွဲသူတွေက ကြိုဆိုလိုက်ပြီး ဒီတိုင်းဆက်ပြီး သုံးခွင့်ရမယ်လို့ မျှော်လင့်ကြောင်း ရန်ကုန်က အင်တာနက် သုံးစွဲတဲ့ လူငယ်တဦးက ပြောပါတယ်။

“တချို့ဆိုဒ်တွေ  ပိတ်ထားတာတွေ တော်တော်များများ ရှိသေးတယ်။ ပြည်ပမီဒီယာတွေထဲမှာ ဧရာဝတီဝက်ဆိုက်တို့ကို သူတို့ ပိတ်ထားတာ အခုတော့ ကြည့်လို့ရနေပြီ။ အဲလိုမျိုး တိုးတက်မှုလေးတွေတော့ တွေ့ရပါတယ်။ ကော်နက်ရှင်တော့ အရင်အတိုင်းပဲ လေးနေတုန်းပဲ။ youtube တို့ ဘာတို့ ဖွင့်တဲ့အခါမှာလည်း ဘာမှ သုံးလို့မရတဲ့ အနေအထားတွေ ရှိတယ်လေ။ ကော်နက်ရှင်နဲ့ မြန်နှုန်းကို တိုးပေးဖို့ လိုအပ်တယ်။”

ဘာကြောင့် ပြည်ပသတင်းဝက်ဆိုက်တွေကို  ဖွင့်ပေးလဲဆိုတာ မသိရပေမယ့် ဒီလိုဖွင့်ပေးတာဟာ အစိုးရကနေ မီဒီယာကို လွတ်လပ်ခွင့် အနည်းအကျဉ်းပေးလာတာလို့ ပြည်တွင်းသတင်းထောက်တဦးက ယူဆပါတယ်။

“အရင်ကဆိုရင် ဌာနဆိုင်ရာက ပေးတဲ့ သတင်းလောက်ပဲ ကျနော်တို့က အများဆုံး သုံးလို့ရတာပေါ့။ အခု မြစ်ဆုံကိစ္စလိုဟာမျိုးဆိုရင် ပညာရှင်တွေရဲ့ ထောက်ပြတဲ့ အသံတွေ၊ ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ ပတ်သက်ပြီးတော့ ဝေဖန်သံတွေလည်း ပြည်တွင်းမှာ ဖော်ပြလာတာလေးတွေ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးတွေတောင်မှ အခုဆိုရင် ဖော်ပြလို့ ရနေပြီဗျ။ ဒါလေးတွေ အနည်းအကျဉ်း ပြောင်းလာတဲ့ အပိုင်းလေးတွေပေါ့။”

ကွန်နက်ရှင် နှေးတာကြောင့် ရေဒီယို အစီအစဉ်တွေနဲ့ ဗွီဒီယိုရုပ်သံမှတ်တမ်းတွေ ၀က်ဘ်ဆိုဒ်တချို့ကိုတော့ ကြည့်ရှုလို့ မရသေးဘူးလို့  အင်တာနက်သုံးသူတွေက ပြောပါတယ်။

အစိုးရသတင်းစာတွေမှာ ဖော်ပြတဲ့ ပြည်ပသတင်းဌာနတွေအပေါ် ပုတ်ခတ်တိုက်ခိုက်တဲ့ စာသားတွေကို မကြာခင်သေးခင်မှာ ရုပ်သိမ်းပြီးနောက် အခုလဆန်းပိုင်းကစပြီး ပြည်ပမီဒီယာဝက်ဆိုက်တွေကို ပြည်တွင်းက ကြည့်လို့ရကြတာပါ။

အင်တာနက် သုံးစွဲသူအများစုကတော့ အစိုးရက ပြည်ပအခြေစိုက် မီဒီယာတွေရဲ့ အင်တာနက် စာမျက်နှာတွေကို အရင်တုန်းကလိုပဲ ခေတ္တဖွင့်ပေးပြီး  ပြန်ပိတ်သွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular