အီးယူမှ ဗြိတိန်ခွဲထွက်မှု ရှက်စရာကောင်းဟု ဂျာမနီဂိုးသမားပြော

Schalke 04 and German national soccer goal keeper Manuel Neuer has tears in his eyes during a news conference in Gelsenkirchen April 20, 2011. REUTERS/Wolfgang Rattay
ဗြိတိန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂ (အီးယူ) ကနေ ထွက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ရှက်စရာ ကောင်းတယ်လို့ ဂျာမနီလက်ရွေးစင် ဂိုးသမား နူအာက ပြောဆိုလိုက်ပါတယ်။ ဗြိတိန်ပြည်သူတွေဟာ အီးယူကနေ ထွက်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ ထွက်ဖို့အတွက် ထောက်ခံပဲ ၅၂ ရာခိုင်နှုန်းရပြီး မထွက်ရေးဘက် ၄၈ ရာခိုင်နှုန်းကျော် ရရှိခဲ့ပါတယ်။ ဂျာမန် ဂိုးသမား နူအာကတော့ အခုရလဒ်ကြောင့် ဗြိတိန်နိုင်ငံရဲ့ ၄၃ နှစ်ကြာ အီးယူအဖွဲ့ဝင်ဖြစ် ရပ်တည်လာတာကို အဆုံးသတ်သွားမှာ ဖြစ်ပါတယ်။ အီးယူကနေ ထွက်မယ့် သမိုင်းဝင် ဆုံးဖြတ်ချက် ဂယက်ဟာ ယူရိုပြိုင်ပွဲမှာ ၀င်ရောက် ကစားနေတဲ့ ဗြိတိန်က ကစားသမားတွေ အပါအ၀င် ဥရောပက ဘောလုံးသမားတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up