DVB Logo
Home
မြန်မာသတင်း
အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ (​ဒေါ်​အောင်ဆန်း​စုကြည်မိန့်​ခွန်း​ ​ကောက်နုတ်ချက်)
DVB
·
September 15, 2011
အပြည်ပြည်ဆိုင်ရာ ဒီမိုက​ရေစီ​နေ့​ (​ဒေါ်​အောင်ဆန်း​စုကြည်မိန့်​ခွန်း​ ​ကောက်နုတ်ချက်)
Donate to DVB

ဒီ​နေ့​ အပြည်ပြည်ဆိုင်ရာဒီမိုက​ရေစီ​နေ့​ အခမ်း​အနား​ကို ရန်ကုန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​မှာ ကျင်း​ပပါတယ်။ ဒီအခမ်း​အနား​မှာ အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​သွား​တဲ့​ မိန့်​ခွန်း​ကို ​ကောက်နုတ်​ဖော်ပြအပ်ပါတယ်။

ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ဖြစ်တယ်။

“ကျမတို့​ရဲ့​ ဒီမိုက​ရေစီ​တော်လှန်​ရေး​ဆိုတာ တကယ်​တော့​ စိတ်ဓာတ်​တော်လှန်​ရေး​ပဲ ဖြစ်တယ်။ ဒီမိုက​ရေစီ ခိုင်မာ​အောင် လုပ်ဖို့​ဆိုလို့​ရှိရင် ကိုယ့်​စိတ်​တွေက တကယ့်​ကို ဒီမိုက​ရေစီနဲ့​ ဆီ​လျော်တဲ့​စိတ်​တွေ ဖြစ်ရမယ်။ ဒီမိုက​ရေစီနဲ့​ဆီ​လျော်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​မွေး​မြူရမယ်။ ကျမတို့​ပါး​စပ်က​နေပြီး​တော့​ ဘယ်လိုပဲ​ပြော​နေ​ပြော​နေ စိတ်က​နေ ပြီး​တော့​ မပါလို့​ ရှိရင် ကျမတို့​ ​အောင်မြင်​အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး​။ ကျမတို့​ စိတ်ဓာတ်​တော်လှန်​ရေး​ဆိုတာ စိတ်ကို​ပြောင်း​လဲ ခြင်း​ပဲ။ ​တော်လှန်​ရေး​ဆိုတာဟာ အ​ခြေအ​နေတခုကို သိသိသာသာ တခါတည်း​ ​ပြောင်း​လဲပစ်လိုက်တာ ပဲ။ ထင်သာမြင်သာဖြစ်​အောင်လို့​ အ​ပြောင်း​အလဲ အကြီး​ကြီး​ ဖြစ်​အောင်လို့​ လုပ်လိုက်တာပဲ။”

ဒီမိုက​ရေစီနဲ့​ ထိုက်တန်တဲ့​ စိတ်ဓာတ်​တွေကို ​မွေး​မြူရမယ်။

“ကျမတို့​ ဒီမိုက​ရေစီ ရချင်တယ်ဆိုရင်၊​ ဒီမိုက​ရေစီ ခိုင်မြဲချင်တယ်ဆိုရင် ကျမတို့​ရဲ့​စိတ်​တွေကို ဒီမိုက​ရေစီနဲ့​ထိုက်တန်​အောင်လို့​ လုပ်ရမယ်။ ဒီမိုက​ရေစီနဲ့​ မသင့်​လျော်တဲ့​ စိတ်​တွေ၊​ ဒီမိုက​ရေစီနဲ့​ မသင့်​လျော်တဲ့​ အမြင့်​တွေကို ကျမတို့​ က​ပြောင်း​ကပြန်ကို ဖြစ်​အောင်လုပ်ပြီး​တော့​ ပြန်လှန်ပြီး​တော့​ ​တော်လှန်ပစ်လိုက်ရမယ်။ ​တော်လှန်ပြီး​တော့​မှ ဒီမိုက​ရေစီနဲ့​ထိုက်တန်တဲ့​ စိတ်ဓာတ်​တွေကို ကျမတို့​ ​မွေး​မြူရမယ်။”

ဒီမိုက​ရေစီအ​ပြောင်း​အလဲကို တခြား​နိုင်ငံက စနစ်​တွေထက် ပို​ကောင်း​တဲ့​ စနစ်မျိုး​ ဖြစ်​စေချင်တယ်။

“​မေတ္တာတရား​အ​ပေါ်မှာ တည်ရှိရမယ်။ ဒါဟာ​တော့​ ကျမတို့​ မြန်မာနိုင်ငံရဲ့​ ဒီမိုက​ရေစီစနစ်ရဲ့​ အထူး​လက္ခဏာအခုအ​နေနဲ့​တောင် ကျမဖြစ်​စေချင်တယ်။ ဒီမိုက​ရေစီစနစ်ဆိုတာ ​မေတ္တာတရား​ ပါရမယ် လို့​ တကယ်​တော့​ မရှိကြပါဘူး​။ ဒါ​ပေမယ့်​ ကျမတို့​က တခြား​ဒီမိုက​ရေစီ အခွင့်​အ​ရေး​တွေ၊​ ဒီမိုက​ရေစီ ကျင့်​သုံး​ကျင့်​နည်း​တွေ၊​ ဒီမိုက​ရေစီတာဝန်​တွေအပြင် ​မေတ္တာတရား​ပါ ထည့်​နိုင်မယ်ဆိုလို့​ရှိရင် အခု လက်ရှိ အခြား​ဒီမိုက​ရေစီစနစ်​တွေထက်သာတဲ့​ ဒီမိုက​ရေစီစနစ်တခုကို ထူ​ထောင်နိုင်မယ်လို့​ ကျမ ဒီလိုပဲ ယုံကြည်ပါတယ်။”

နိုင်ငံ​ရေး​အ​ပြောင်း​အလဲ​တွေမှာ တိုင်း​ပြည်မနာဖို့​၊​ ပြည်သူ​တွေ မနာတဲ့​ အ​ပြောင်း​အလဲမျိုး​ဖြစ်ဖို့​ လိုတယ်။

“ဒီမိုက​ရေစီစနစ်ရဲ့​ အ​ရေး​အကြီး​ဆုံး​ လက္ခဏာတခုက ဘာလဲဆိုတာ ဒီမိုက​ရေစီစနစ်​အောက်မှာ ဆိုလို့​ရှိရင် အစိုး​ရအ​ပြောင်း​အလဲများ​ လုပ်တဲ့​နေရာမှာ တိုင်း​ပြည်လည်း​ မနာဘူး​၊​ ပြည်သူလည်း​ မနာဘူး​၊​ အား​လုံး​အေး​အေး​ချမ်း​ချမ်း​ သိက္ခာရှိရှိနဲ့​ လုပ်သွား​နိုင်တာ ဖြစ်ပါတယ်။ အစိုး​ရများ​ဆိုတာ သူ့​အချိန်နဲ့​သူ ဆိုလို့​ရှိရင် ​ပြောင်း​လဲကြရမယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ဒီလူ​တွေ ဒီလူ​တွေပဲ အုပ်စိုး​နေတယ်ဆိုတာ​တော့​ ဒီမိုက​ရေစီ မဟုတ်​တော့​ဘူး​။ ဒီမိုက​ရေစီစနစ်ကို လက်ခံတယ်ဆိုလို့​ရှိရင် အစိုး​ရ အ​ပြောင်း​အလဲ​တွေကို လည်း​ လက်ခံရမယ်။ အဲဒီ​တော့​ ဒီအ​ပြောင်း​အလဲ​တွေဟာ ညင်သာရမယ်၊​ ငြိမ်း​ချမ်း​ရမယ်၊​ သိက္ခာရှိရ မယ်၊​ ပြည်သူကို မထိရဘူး​၊​ နိုင်ငံကို မထိရဘူး​။ ဆင်း​သွား​တဲ့​ အစိုး​ရကိုလည်း​ မထိရဘူး​။ တက်သွား​တဲ့​ အစိုး​ရကိုလည်း​ မလိုလား​အပ်တဲ့​ အခွင့်​အ​ရေး​တွေ မ​ပေး​ရဘူး​။ အာလုံး​ဟာ မျှတတဲ့​ အ​ခြေခံအ​ပေါ်မှာ တည်ရှိရယ်။”

ဒီမိုက​ရေစီနစ်မှာ အ​ရေး​ကြီး​တဲ့​ တာဝန်နဲ့​ အခွင့်​အ​ရေး​ ချိန်ခွင်လျှာညီမျှဖို့​ လိုတယ်။

“ဘယ်လိုကိစ္စမျိုး​မှာမဆို ​အောင်မြင်ခြင်း​ကို လိုချင်တယ်ဆိုရင် တာဝန်နဲ့​အခွင့်​အ​ရေး​ဟာ ချိန်ခွင်လျှာညီမျှရမယ်။ အခွင့်​အ​ရေး​ချည်း​ပဲ လိုချင်လို့​မဖြစ်ဘူး​။ အခွင့်​အ​ရေး​ လိုချင်တယ်ဆိုရင် တာဝန်ကို ​ကျေပွန်ရမယ်။ ပြီး​တော့​ တချို့​က တာဝန်အရ လုပ်ပါတယ်ဆိုပြီး​ တာဝန်ဆိုတာ ဘာမှန်း​ ​တောင်မှ မသိတာ​တွေရှိတယ်။ အဲဒီ​တော့​ တကယ်ပဲ ပါး​စပ်က တာဝန်အရလုပ်ပါတယ်ဆိုရင် တာဝန်ဆို တာ ဘာလဲဆိုတာ သိရဲ့​လား။ အဲဒီ​တော့​ ဆင်ခြင်တုံတရား​နဲ့​ အများ​ကြီး​ဆိုင်တယ်။ လူတ​ယောက်ရဲ့​ တာဝန်ဆိုတာ တချိန်နဲ့​တချိန်မှာ မတူဘူး​။ ”

အဖွဲ့​ချုပ်ဝင်​တွေကို အမှာစကား​။

“အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေဟာ အနှစ် ၂၀ ​ကျော်​ကျော် ဒီမိုက​ရေစီအတွက် လုပ်​နေပါ တယ်၊​ လုပ်လာပါတယ်လို့​ ​ပြောပြီး​မှ အခုလိုအချိန်​ရောက်တဲ့​အခါမှာ ကိုယ့်​ရဲ့​တာဝန်ဟာ ဘာလဲ၊​ ကိုယ်ဘယ်လို ဆက်ပြီး​တော့​ လုပ်သွား​ရမယ်ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့​ သိ​အောင်လို့​ ကြိုး​စား​ကြပါ။ လူများ​ပြောတိုင်း​လည်း​ နား​ထောင်ဖို့​မလိုပါဘူး​။ ကျမ​ပြောတိုင်း​လည်း​ ယုံစရာမဟုတ်ပါဘူး​။ ကိုယ့်​ဘာသာကိုယ် ​သေ​သေချာချာ​လေ့​လာပါ။ ​လေ့​လာပြီး​တော့​ ကိုယ်ယုံကြည်သ​ရွေ့​ ယုံကြည်သည့်​အ​လျောက် ဆက်ပြီး​တော့​ ခိုင်ခိုင်မာမာနဲ့​ ​လျှောက်လှမ်း​သွား​ကြပါလို့​ ကျမတိုက်တွန်း​ချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013