DVB Logo
Home
မြန်မာသတင်း
သျှမ်း​သံ​တော်ဆင့်​သတင်း​စဉ် လက်​ထောက်အယ်ဒီတာ ကွယ်လွန်
DVB
·
September 15, 2011
သျှမ်း​သံ​တော်ဆင့်​သတင်း​စဉ် လက်​ထောက်အယ်ဒီတာ ကွယ်လွန်
Donate to DVB

ထိုင်း​နိုင်ငံ ချင်း​မိုင်အ​ခြေစိုက် သျှမ်း​သံ​တော်ဆင့်​သတင်း​စဉ်က လက်​ထောက် အယ်ဒီတာ ဦးစိန်ကြည် ဒီ​နေ့​မနက်မှာ ကွယ်လွန်သွား​ပါတယ်။

[caption id="attachment_15600" align="alignleft" width="300" caption="ဦးစိန်ကြည် (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)"][/caption]

ရှမ်း​ပြည်နယ်နဲ့​ ပတ်သက်တဲ့​သတင်းတွေကို စဉ်ဆက်မပြတ် ​ဖော်ပြ​ပေး​ခဲ့​တဲ့​ အသက် ၅၉ နှစ်အရွယ်ရှိ ဦးစိန်ကြည် ​ခေါ် စိုင်း​ဆန်စင့်​ဟာ ဒီကနေ့​ မနက် ၉ နာရီ ၄၅ မိနစ်က ချင်းမိုင်မြို့​ ဆွန်တောက်​ဆေး​ရုံမှာ အသည်း​ကင်ဆာ​ရောဂါနဲ့​ ကွယ်လွန်သွား​တယ်လို့​ ကျန်ရစ်သူမိသား​စုက ​ပြောပါတယ်။

သူဟာ ၁၉၇၄ ခုနှစ်ကတည်း​က ရှမ်း​ပြည်တပ်မ​တော်ထဲ ဝင်​ရောက်ခဲ့​ပြီး​ ပြန်ကြား​ရေး​ဌာနမှာ တာဝန်ယူခဲ့​ပါတယ်။ ၁၉၇၈ ခုမှာ ရှမ်း​သတင်း​စဉ်၊​ စာအုပ်၊​ စာ​စောင်​တွေကို အယ်ဒီတာတာဝန်ယူပြီး​ ထုတ်​ဝေခဲ့​ပါတယ်။ ၁၉၉၁ ခုမှာ လွတ်လပ်တဲ့​ ရှမ်း​သံ​တော်ဆင့်​သတင်း​ဌာန စတင်ထူ​ထောင်ခဲ့​တယ်။

တော်လှန်​ရေး​နယ်​မြေမှာ စိန်း​လျော စာ​စောင်၊​ ရှမ်း​ပြည်ဘယ်လဲ၊​ ဗိုလ်ချုပ်ရွာ စတဲ့​ စာအုပ်​တွေ ဦး​စီး​ထုတ်​ဝေခဲ့​တဲ့​အပြင် သတင်း​၊​ နိုင်ငံ​ရေး​ဆောင်း​ပါး​၊​ အ​တွေး​အမြင်၊​ တိုး​တက်​ရေး​ ​ဆောင်း​ပါး​တွေ ကဗျာ​တွေ ​ရေး​သား​ခဲ့​တယ်။

ဦး​စိန်ကြည်ဟာ Freedom Way တီး​ဝိုင်း​စတင်တည်​တောင်သူထဲမှာ တ​ယောက်အပါအဝင်ဖြစ်ပါတယ်။ သျှမ်း​သီချင်း​တွေနဲ့​ ​တော်လှန်​ရေး​ သီချင်း​တွေလည်း​ ​ရေး​သား​သီဆိုခဲ့​ပါတယ်။

၁၉၉၆ က​နေ ၉၈ ထိ သျှမ်း​ပြည်ထဲမှာ အစိုး​ရရဲ့​ ဖြတ် ၄ ဖြတ် စနစ်နဲ့​ ရွာ​ပေါင်း​ထောင်​ကျော် လူ​ပေါင်း​ ၃ သိန်း​ကျော် အတင်း​အဓမ္မ ​ပြောင်း​ရွှေ့​ ခံရတဲ့​ အ​ကြောင်း​ ​ရေး​သား​သီဆိုခဲ့​တဲ့​ ငရဲကြီး​ကျတဲ့​နှစ် ဆိုတဲ့​သီချင်း​ဟာ သူရဲ့​နာမည်ကြီး​သီချင်း​ပါ။

သူမရှိ​တော့​ပေမယ့်​ အမျိုး​သား​အ​ရေး​၊​ ဒီမိုက​ရေစီ ​တော်လှန်​ရေး​လုပ်ငန်း​တွေ ဆက်လုပ်သွား​ဖို့​နဲ့​ မျိုး​ဆက်သစ်​တွေ ​ပေါ်လာ​အောင် ပြုစုပျိုး​ထောင်သွား​ဖို့​ မှာခဲ့​တဲ့​အ​ကြောင်း​ ပြီး​ခဲ့​တဲ့​အပတ် ​ဆေး​ရုံမှာ သူ့​ကိုသွား​ရောက်ကြည့်​ရှူ့​ခဲတဲ့​ သူနဲ့​အတူ ၂၈ နှစ်​ကျော် လက်တွဲခဲ့​တဲ့​ သျှမ်း​သံ​တော်ဆင့်​ သတင်း​ဌာန အယ်ဒီတာချုပ် ဦး​ခွန်း​ဆိုင်က ခုလို ​ပြောပါတယ်။

သျှမ်း​ဘာသာ ဆခဟ အက္ခရာသုံး​လုံး​ကို အ​ခြေပြုပြီး​ က​လောင်ခွဲနာမည် အမျိုး​မျိုး​နဲ့​ သီချင်း​တွေ၊​ ကဗျာ​တွေ၊​ စာ​တွေ ​ရေး​သား​ခဲ့​သူ ဦး​စိန်ကြည်ဟာ သျှမ်း​ပြည်​မြောက်ပိုင်း​ တန့်​ယန်း​မြို့​နယ် ဝ​ဒေသ မန်း​ဆဲန်ရွာ ဇာတိ ဖြစ်ပါတယ်။

ကွယ်လွန်ချိန်မှာ ဇနီး​ဖြစ်သူ နန်း​လွန့်​ယိင်း​နဲ့​ သား​နှစ်ဦး​ သမီး​တဦး​ ကျန်ရစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013