မိုးကြီး မြေပြိုမှုကြောင့် ၃ ထပ်တိုက်တလုံး ပြိုကျပြီး ရေစီးနှင့်မျောပါ (ရုပ်သံ)

2.3K
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ခရိုင်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ၃ ထပ်တိုက် လူနေအိမ်တလုံး ပြိုကျပြီး ရေစီးနဲ့အတူ မျောပါသွားပါတယ်။
သည်းထန်တဲ့မိုးကြောင့် ၃ ထပ်တိုက်က လုံးဝ ပြိုကျပျက်စီးသွားပြီး အနီးနားက ရေစီးနဲ့အတူ မျောပါသွားတာကို ရုပ်သံနဲ့ မှတ်တမ်းတင်ထားပြီး တရုတ် စီစီတီဗွီသတင်းက ဖော်ပြခဲ့ပါတယ်။
လူသေဆုံး ထိခိုက်မှု တစုံတရာ မရှိဘူးလို့လည်း ဆိုပါတယ်။
ဇွန် ၂၁ ရက်က တရုတ်နိုင်ငံ တချို့ဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို တချို့နေရာတွေမှာ မိုးရေချိန်လက်မ ၈၀ မီလီမီတာအထိ ရှိခဲ့ပါတယ်။
မိုးသည်းထန်တဲ့အတွက် မြေပြိုတာ ရွံ့နွံတွေစီးဆင်းတာ စတဲ့ သဘာဝ ဘေးအန္တရယ်တွေ အမြောက်အမြား ရင်ဆိုင်နေရပါတယ်။
တချို့နေရာတွေမှာတော့ လူသေဆုံးမှုတွေ ရှိခဲ့သလို ပျောက်ဆုံးနေတာလည်း ရှိတယ်လို့ တရုတ်သတင်းတွေမှာ ရေးပါတယ်။