DVB Logo
Home
မြန်မာသတင်း
လယ်သမားနှစ်ရာနီးပါး ဧ​ရာဝ​တီ​​တိုင်း​​ဒေ​သ​ကြီး​​ ၀န်ကြီးချုပ်ရုံးဆီ ချီတက်ဆန္ဒပြ
DVB
·
September 15, 2011
လယ်သမားနှစ်ရာနီးပါး ဧ​ရာဝ​တီ​​တိုင်း​​ဒေ​သ​ကြီး​​ ၀န်ကြီးချုပ်ရုံးဆီ ချီတက်ဆန္ဒပြ
Donate to DVB

နေပြည်တော်မှာ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနား ကျင်းပချိန်နဲ့ တိုက်ဆိုင်ပြီး  မြေသိမ်းခံရမှာကို စိုးရိမ်နေတဲ့ ဧရာဝတီတိုင်း ငွေဆောင်ဒေသက လယ်သမား ၂၀၀ နီးပါးက ဧ​ရာဝ​တီ​တိုင်း​​ဒေ​သ​ကြီး​၀န်ကြီးချုပ်ရုံးဆီ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

[caption id="attachment_15592" align="alignleft" width="300" caption="အသိမ်း​ခံ​ရ​သည့်​​ ​လယ်​မြေ​တ​ချို့​"][/caption]

၂၀၀၀ ပြည့်နှစ်ကစလို့ ငါးလုပ်ငန်း​ ဦးစီးဌာနက အဲဒီဒေသမှာ လယ်မြေတချို့ကို လျော်ကြေးမပေးဘဲ သိမ်းထားပြီး နောက်ထပ်လည်း သိမ်းဖို့ လျာထားတယ်လို့ မြေစာရင်းရုံးက​ တဆင့် သိရတဲ့နောက် တောင်သူတွေက သူတို့ အသက်မွေးလုပ်ငန်းတွေ အတွက် စိုးရိမ်နေကြတာပါ။

ချီတက်ဆန္ဒပြတဲ့​ လယ်သမား​ တယောက်က “အခုလောလောဆယ် သိမ်းထားတာက ၃ ဧကလောက်မှာ ရှိတယ်။ လျာထားတာက ပြည်သူတွေရဲ့ ဘိုးဘွားပိုင်မြေက ဧက ၈၀၀ လောက် ရှိတယ်။ အခုလောလောဆယ် ကိုယ်ဘာသာကိုယ် လုပ်စားနေရသေးပေမယ့် လျာထားတယ်​ ဆိုတာ ရှိနေတော့​ နောက်ကြောင်း မအေးလို့ပါ။ စိတ်မချလို့ပါ။ လျာထားစာရင်းကို ဖျက်သိမ်းပေးပါလို့ ကျနော်တို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်။

နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာကမ်းခြေ​ နှစ်ခုကြားမှာရှိတဲ့ လယ်မြေနဲ့ ဥယျာဉ်ခြံတွေ​ ပါဝင်တဲ့ မြေဧက ၈၀၀ ကျော်ကို ငါးလုပ်ငန်းဝန်ကြီးဌာနက သိမ်းမယ့် အရိပ်အယောင်တွေ ရှိနေတာကြောင့် စိုးရိမ်ပြီး ၀န်ကြီးချုပ်ရုံးဆီ သွားရောက် အရေးဆိုတာလို့ လယ်သမားတွေက ပြောပါတယ်။

မြေသိမ်းခံထားရတဲ့ လယ်သမားတဦးက​ “သူတို့လုပ်ထားတာ ကျနော်တို့မှာ တော်တော်နစ်နာနေတယ်။ နိုင်ငံတော်ပိုင်အဖြစ် သိမ်းတယ် ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း သိချင်တာပေါ့နော်။ အရောင်းအဝယ် ဆိုရင်လည်း အရောင်းအဝယ်တခုကို အတိအကျ သိချင်တယ်။ အဲဒီလို သိချင်လို့ ကျနော်တို့ကလာတာပါ” လို့ ပြောပါတာယ်။

အမျိုးသမီး၊ အမျိုးသားအပါအ၀င် အင်အား ၂၀၀ နီးပါးဟာ မနက် ၁၀ နာရီက ပုသိမ်မြို့ကားဂိတ်ကနေ ပုသိမ်မြို့တပတ် ငြိမ်းချမ်းစွာ ချီတက်သွားကြပြီးနောက် မြေသိမ်းဖို့ လျာထားတာကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့စာကို ၀န်ကြီးချုပ်ရုံးကို ပေးပို့ခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားတွေရဲ့ မေတ္တာရပ်ခံတဲ့စာကို ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ရုံးက တာဝန်ရှိသူတဦးက လက်ခံပြီး နောက် ၃ ရက်ကြာရင် ၀န်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်း စုံစမ်းပေးပါမယ်ဆိုတဲ့ နှုတ်ကတိကိုလည်း ရခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမားတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုမှာ လိုက်ပါသွားတဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက် (HRDP) က ကိုမြင့်နိုင်က အခုလို ပြောပါတယ်။

“ဒီမိုကရေစီနေ့လည်း ဖြစ်တဲ့အတွက် တောင်သူလယ်သမားတွေရဲ့ ၁၀ နှစ်ကျော်ကျော် မတရားသိမ်းပိုက်ခံရမှုတွေက ပြေပျောက်သွာလိမ့်မယ်လို့ ကျနော် ယုံကြည်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ တကယ် အသိမ်းပိုက်ခံရတာတွေဆိုတာ အမှန်တရားပါပဲ။ အမှတ်တရားဖြစ်တဲ့ အတွက် ရရှိလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်ခင်ဗျ။”

ဒီနေ့ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်မှုကို အရပ်ဝတ်နဲ့ လုံခြုံရေးတွေက လမ်းတလျှောက်စောင့်ကြည့်တာ၊ ဓာတ်ပုံရိုက်တာတွေ ရှိပေမယ့် အနှောင့်အယှက်တော့ မပေးဘူးလို့ လယ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013