Home အာရှဒေသ ပါကစ္စတန် လူမျိုးစုငယ်များအတွက် ဒီမိုကရေစီအပြောင်းအလဲ
ပါကစ္စတန် လူမျိုးစုငယ်များအတွက် ဒီမိုကရေစီအပြောင်းအလဲ
pakistan_tribal_laws ပါကစ္စတန်သမ္မတ ´အဆစ်ဖ် အလီ ဇာဒရီ´ဟာ စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေ နေတဲ့ မျိုးနွယ်စုဒေသတွေကို ပါကစ္စတန်နိုင်ငံထဲ ပေါင်းထည့်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြောင်း ကြေညာလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံက `ဖာတာ´ဒေသမှာ လူမျိုးစုငယ် လေးသန်းကျော် နေထိုင်နေ ကြပါတယ်။ လူမျိုးစုခေါင်းဆောင်ကို ပါကစ္စတန်အစိုးရက ရွေးချယ်ခန့်အပ်ပြီး အုပ်ချုပ်လာ ခဲ့တာပါ။ အခုထုတ်ပြန်တဲ့ ဥပဒေသစ်အရ လူမျိုးစုဒေသတွေမှာ နိုင်ငံရေးပါတီတွေ တည် ထောင်နိုင်တော့မှာပါ။ အရင်က တရားရုံးတင်စစ်ဆေးမှုမရှိဘဲ အပြစ်ပေးလေ့ရှိတဲ့ လူမျိုးစု ထုံးစံတွေကိုလည်း ဥပဒေသစ်နဲ့အညီ ပြုပြင်မှုတွေ လုပ်သွားမှာဖြစ်ပါတယ်။
ခုဆိုရင် မျိုးနွယ်စုဒေသတွေမှာ ဒီမိုကရေစီရောင်ခြည်သန်းလာပြီဖြစ်ကြောင်း အေရှားကောလင်း သတင်းထောက် `ရှဟဘ် အာ ရာမန်´ (Shahab-ur-Rahman) က သတင်းပေးပို့ထားပါတယ်။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာပါ။)
အသံ နားဆင်ရန်
ဆက်စပ်သတင်းများ