DVB Logo
Home
မြန်မာသတင်း
ထိုင်း​-မြန်မာနယ်စပ် ​သောင်ရင်း​မြစ် ​ရေကြီး​၍ ကား​ထောင်ချီ​ရေမြုပ်
DVB
·
September 14, 2011
ထိုင်း​-မြန်မာနယ်စပ် ​သောင်ရင်း​မြစ် ​ရေကြီး​၍ ကား​ထောင်ချီ​ရေမြုပ်
Donate to DVB

ထိုင်း​-မြန်မာနယ်စပ် မဲ​ဆောက်-မြဝတီမှာ ​သောင်ရင်း​မြစ် ​ရေကြီး​နေလို့​ မြန်မာဘက်ပို့​ဖို့​ ထိုင်း​ ဘက်မှာစုထား​တဲ့​ ကား​စီး​ရေ ၅,၀၀၀ ​လောက် ​ရေနစ်မြုပ်​နေပြီး​ ချစ်ကြည်​ရေး​တံတား​လည်း​ ထိခိုက်ပျက်စီး​တယ်လို့​ သတင်း​ရရှိပါတယ်။

[caption id="attachment_15563" align="alignright" width="310" caption="​သောင်ရင်းမြစ် ​ရေကြီးနေစဉ်"][/caption]

မိုး​သည်း​ထန်ပြီး​ မြစ်​ရေတိုး​လို့​ မ​နေ့​က ​ရေကြီး​တာဖြစ်ပြီး​ ကား​ရုံ​စောင့်​တွေရဲ့​ ​ပြောပြချက် အရ ကား​အစီး​ ၆၀ ​လောက် ​သောင်ရင်း​မြစ်​ရေထဲ ​မျောပါသွား​တယ်လို့​ သိရ​ကြောင်း​ ကိုယ်တိုင် သွား​ရောက်​မေး​မြန်း​တဲ့​ ထိုင်း​သတင်း​ထောက်တဦး​က ​ပြောပြပါတယ်။

“​ရေကြီး​လာတုန်း​မှာ အ​စောင့်​တွေက ကား​တွေကို အချိန်မီ မ​ရွှေ့​ပြောင်း​နိုင်ဘူး​လေ။ ကား​ ​သော့​တွေကို ​ရွေး​နေရတယ်၊​ ကား​သော့​တွေကလည်း​ အများ​ကြီး​ဆို​တော့​ ဘယ်​သော့​က ဘယ် ကား​အတွက်ဆိုတာ ​ရွေး​ရှာရင်း​နဲ့​ ကား​တွေမြုပ်ကုန်ပြီး​ တချို့​လည်း​ ​မျောသွား​တယ်။ အစီး​ ၆၀ ​လောက်ရှိတယ်။ သိပ်အ​ဝေး​ကြီး​တော့​ ​မျောပါမသွား​သေး​ဘူး​။ ဓာတ်ပုံရိုက်ခွင့်​မရဘူး​။”

ကား​တင်သွင်း​မှုကို မြန်မာဘက်က တင်း​ကြပ်ပိတ်ပင်​နေတာ​ကြောင့်​ ​သောင်ရင်း​မြစ်ကမ်း​ က ​လှေဂိတ် ၁၉ ခုမှာ ဒီကား​တွေ ​သောင်တင်​နေတာလို့​လည်း​ ထိုင်း​သတင်း​ထောက်က ​ပြောပြပါ တယ်။

ကား​ခြံဝင်း​တွေကို သတင်း​ထောက်​တွေ ဓာတ်ပုံရိုက်တာကို ပိုင်ရှင်​တွေက တား​မြစ်ကြ တယ်လို့​လည်း​ ဆိုပါတယ်။

ဒီ​နေ့​မှာ ​ရေပြန်ကျစပြုလာပြီဖြစ်ပြီး​ ​ရေထဲ​မျောပါလာတဲ့​ သစ်ဝါး​တွေ​ကြောင့်​ မဲ​ဆောက်-မြ ဝတီ မြစ်ကူး​တံတား​ အုတ်ခုံ​တွေ အက်ကွဲစပြု​နေတာ ​တွေ့​ခဲ့​ရတယ်လို့​ ထိုင်း​သတင်း​ထောက်က ​ပြောပြပါတယ်။

မ​နေ့​က​ရေကြီး​လို့​ ပိတ်ထား​တဲ့​ မဲ​ဆောက် ကမ်း​နား​ဈေး​ကို ဒီ​နေ့​ ပြန်ဖွင့်​ပြီဖြစ်​ပေမယ့်​ မစည်ကား​သေး​ဘူး​လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မြဝတီမြို့​ဘက်မှာ​တော့​ တချို့​နေရာ​တွေမှာ ​ရေကျန်​နေတုန်း​ဖြစ်လို့​ ​ရေဝင်တဲ့​စာသင် ​ကျောင်း​တချို့​ မဖွင့်​သေး​သလို မြဝတီ-​ကော့​ကရိတ်ကား​လမ်း​လည်း​ ပိတ်ထား​တုန်း​ပဲလို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

သောင်ရင်း​မြစ်ဖျား​ပိုင်း​ ဖုတ်ဖရမြို့​နယ်ဘက် ​တောင်ကျ​ရေ​ကြောင့်​ ခုလို​ရေကြီး​တာဖြစ်ပြီး​ နှစ် ၂၀ အတွင်း​ အဆိုး​ဆုံး​ရေကြီး​မှုလို့​ ထိုင်း​ မိုး​ဝေဝသနှင့်​ဇလ​ဗေဒဦး​စီး​ဌာနက ထုတ်ပြန်​ကြေညာထား​ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013