DVB Logo
Home
မြန်မာသတင်း
ကိုစည်သူ​ဇေယျကို ​ထောင်ဒဏ် ၁၀ နှစ် သက်တမ်း​တိုး
DVB
·
September 14, 2011
ကိုစည်သူ​ဇေယျကို ​ထောင်ဒဏ် ၁၀ နှစ် သက်တမ်း​တိုး
Donate to DVB

၂၀၁၀ ခုနှစ် သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု ဓာတ်ပုံမှတ်တမ်း​ ရိုက်ကူး​ခဲ့​သူ ကိုစည်သူ​ဇေယျကို အီလက်ထ​ရောနစ်ပုဒ်မနဲ့​ ဒီက​နေ့​ ​နောက်ထပ် ​ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။

[caption id="attachment_15555" align="alignleft" width="310" caption="ကိုစည်သူဇေယျ"][/caption]

ရန်ကုန်အ​ရှေ့​ပိုင်း​ခရိုင် မင်္ဂလာ​တောင်ညွန့်​တရား​ရုံး​က ​ထောင်ဒဏ်တိုး​ ချမှတ်လိုက်တဲ့​အတွက် အရင်ချမှတ်ခဲ့​တဲ့​ ​ထောင်ဒဏ် ၈ နှစ်အပါအဝင် ၁၈ နှစ်ဖြစ်သွား​တယ်လို့​ သူ့​ရှေ့​နေ ဦး​အောင်သိန်း​က ​ပြောပါတယ်။

“စည်သူ​ဇေယျရဲ့​ ထွက်ဆိုချက်နဲ့​ ​ဖြောင့်​ချက်​တွေအ​ပေါ် ရဲ​တွေက ပြန်ထွက်ဆိုပြီး​ တရား​စွဲတင်ပြီး​ ​ထောင်ဒဏ်ချလိုက်တာ။ ရှာ​ဖွေပုံစံ၊​ စာရွက်စာတမ်း​အ​ထောက်အထား​တွေကလည်း​ အရင် ၁၇/၁၊​ ၁၃/၁ က စာရွက်စာတမ်း​ အ​ထောက်အထား​တွေနဲ့​ပဲ ပြစ်ဒဏ်ထပ်ချမှတ်လိုက်တာပဲ။ အ​ကြောင်း​အချင်း​ရာတခုတည်း​ကိုပဲ ပုဒ်မအမျိုး​မျိုး​စွဲဆိုတဲ့​ သ​ဘောမျိုး​ သက်​ရောက်တယ်။ အမှန်ဆိုရင်​တော့​ ဥပ​ဒေနဲ့​မညီပါဘူး​။”

ကိုစည်သူ​ဇေယျကို ၂၀၁၀ ရန်ကုန် X2O သင်္ကြန်မဏ္ဍပ် ဗုံး​ပေါက်ကွဲမှု မှတ်တမ်း​တင် ဓာတ်ပုံရိုက်ကူး​နေတုန်း​ အာဏာပိုင်​တွေက ဖမ်း​ဆီး​ပြီး​ လူဝင်မှုကြီး​ကြပ်​ရေး​ အက်ဥပ​ဒေ၊​ မတရား​သင်း​ အက်ဥပ​ဒေ ပုဒ်မ​တွေနဲ့​ တရား​စွဲပြီး​ ၂၀၁၀ ခုနှစ် ဒီဇင်ဘာမှာ ​ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့​တာပါ။

ရန်ကုန်တိုင်း​ဒေသကြီး​လွှတ်​တော်ကို အယူခံတက်ဖို့​ စီစဉ်​နေတယ်လို့​လည်း​ ဦး​အောင်သိန်း​က ​ပြောပါတယ်။

“အီလက်ထ​ရောနစ်ဆက်သွယ်​ရေး​ဥပ​ဒေ ပုဒ်မ ၃၃/က ဟာ ​ထောင် ၁၀ နှစ်က​နေ ၁၅ ​လောက်ထိချနိုင်တဲ့​ ပုဒ်မ​တွေဖြစ်တယ်။ တိုင်း​ရင်း​သား​စည်း​လုံး​ညီညွတ်​ရေး​၊​ နိုင်ငံ​တော်ငြိမ်ဝပ်ပိပြား​မှု​ဆောင်ရွက်​ရေး​၊​ အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​ အစရှိတဲ့​ ထူး​ခြား​တဲ့​ ဝိ​သေသပြု ကိစ္စ​တွေကို ​ဖောက်ဖျက်ကျူး​လွန်မှသာ ၃၃/က ဥပ​ဒေနဲ့​ အ​ရေး​ယူလို့​ရပါတယ်။ ဒါ​ပေမယ့်​ အခု အထက်က အ​ကြောင်း​အချက်အလက်​တွေ မပါဘဲနဲ့​ ဆက်သွယ်​ဆောင်ရွက်မှုသက်သက်နဲ့​ ကြီး​လေး​တဲ့​ ပြစ်ဒဏ်ချမှတ်လိုက်တာဟာ တရား​မျှတမှုမရှိပါဘူး​။”

အင်း​စိန်အကျဉ်း​ထောင်မှာ ​ထောင်ဒဏ်ကျခံ​နေရတဲ့​ အသက် ၂၃ နှစ်အရွယ် ကိုစည်သူ​ဇေယျဟာ ​ဖေ​ဖော်ဝါရီလကလည်း​ ​ထောင်အာဏာပိုင်​တွေက စစ်​ခွေး​တိုက်ပို့​ပြီး​ နှိပ်စက်တာခံခဲ့​ရတယ်လို့​ မိသား​စုဝင်​တွေက ​ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013