DVB Logo
Home
မြန်မာသတင်း
ကင်ဆာ​ဝေဒနာရှင် နိုင်ငံ​ရေး​အကျဉ်း​သား​ကို လွတ်ငြိမ်း​ခွင့်​ပေး​ရန် ​တောင်း​ဆို
DVB
·
September 14, 2011
ကင်ဆာ​ဝေဒနာရှင် နိုင်ငံ​ရေး​အကျဉ်း​သား​ကို လွတ်ငြိမ်း​ခွင့်​ပေး​ရန် ​တောင်း​ဆို
1 / 2
Donate to DVB

ကျန်း​မာ​ရေး​အ​ခြေအ​နေအရ ၆ လ​လောက်သာ အသက်ရှင်​နေထိုင်ရ​တောမယ့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ ကို​ဇော်လင်း​ထွန်း​ကို အ​ထွေ​ထွေလွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ မိသား​စုဝင်​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

[caption id="attachment_15559" align="alignright" width="310" caption="ကိုဇော်လင်းထွန်း (ဓာတ်ပုံ - ​အေအေပီပီ ဘီ)"][/caption]

အ​ထွေ​ထွေလွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ဖို့​ နိုင်ငံ​တော်သမ္မတဆီ အခုလ ၉ ရက်​နေ့​က စာ​ရေး​တောင်း​ဆိုခဲ့​သလို မိခင်ဖြစ်သူလက်မှတ်နဲ့​ အကျဉ်း​ဦး​စီး​ဌာနကိုလည်း​ စာတင်သွား​မယ်လို့​ ​ပြောပါတယ်။

အင်း​စိန်​ထောင်မှာ ​ထောင်အနှစ် ၂၀ ချမှတ်ခံ​နေရတဲ့​ ကို​ဇော်လင်း​ထွန်း​ဟာ အသည်း​နဲ့​အစာအိမ်ကင်ဆာ ​ရောဂါ​ကြောင့်​ ​နောက်ထပ် ၆ လ​လောက်ပဲ အသက်ရှင်ရ​တော့​မယ်လို့​ ဆရာဝန်ရဲ့​ပြောဆိုချက်ကို ကိုး​ကား​ပြီး​ မိသား​စုဝင်တဦး​က ​ပြောပါတယ်။

ဗမာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​သမဂ္ဂများ​အဖွဲ့​ချုပ်ဝင် ကို​ဇော်လင်း​ထွန်း​ကို ဩဂုတ် ၁၈ ရက်​နေ့​က ​ထောင်တွင်း​ဆေး​ရုံတင်ခဲ့​ပြီး​ မသက်သာတဲ့​အတွက် စက်တင်ဘာ ၁ ရက်​နေ့​က အင်း​စိန်​ဆေး​ရုံကြီး​မှာ ​ပြောင်း​ရွှေ့​ ကုသခဲ့​ပါတယ်။

အင်း​စိန်​ဆေး​ရုံမှာ ဆရာဝန်ရဲ့​စစ်​ဆေး​ချက်အရ အသည်း​ကင်ဆာဖြစ်​နေတာ ​တွေ့​ရှိရသလို သင်္ဃန်း​ကျွန်း​ စံပြ​ဆေး​ရုံကို သွား​ရောက်စစ်​ဆေး​ရာမှာ အစာအိမ်ကင်ဆာ​ရောဂါလည်း​ ဖြစ်​နေတာ ​တွေ့​ရှိရတယ်လို့​ ကို​ဇော်လင်း​ထွန်း​ကို ​စောင့်​ရှောက်​နေတဲ့​ ဦး​ဌေး​က ​ပြောပါတယ်။

“စကား​တော့​ပြောနိုင်​သေး​တယ်။ အိပ်ရာထဲ​တော့​ မလဲ​သေး​ဘူး​။ အသည်း​ကင်ဆာဖြစ်တာ​တော့​ သူသိသွား​ပြီ၊​ အစာအိမ်ကင်ဆာဖြစ်တာ​တော့​ မသိ​သေး​ဘူး​။ ကျ​နော်တို့​လည်း​ မ​ပြောဘူး​။ သူလည်း​ စိတ်ဓာတ်က မာပါတယ်။ လွှတ်​တော်ထဲက အ​ထွေ​ထွေလွတ်ငြိမ်း​ချမ်း​သာခွင့်​အဆိုကို နိုင်ငံ​တော် သမ္မတဆီတင်တယ်၊​ မီများ​ မီမလား​ပေါ့​ဗျာ။ မီရင်​တော့​ အပြင်မှာ လွတ်လွတ်လပ်လပ် ကုလို့​ရတယ်၊​ မိသား​စုနဲ့​ ​အေး​အေး​ဆေး​ဆေး​ ​တွေ့​လို့​ရတယ်​ပေါ့​။ မ​သေခင် လွတ်လပ်ခွင့်​လေး​များ​ ရမလား​လို့​ ​မျှော်လင့်​တာ​ပေါ့​။”

အသက်ရှစ်ဆယ်အရွယ် နှလုံး​ရောဂါ ခံစား​နေရတဲ့​ မိခင်ဖြစ်သူကိုလည်း​ ကို​ဇော်လင်း​ထွန်း​ရဲ့​ အ​ခြေအ​နေ​တွေ မ​ပြောပြ​သေး​ဘူး​လို့​ ဆိုပါတယ်။

ကို​ဇော်လင်း​ထွန်း​ မ​သေခင် ​နောက်ဆုံး​အချိန်မှာ လွတ်ငြိမ်း​ခွင့်​ကို ခံစား​သွား​စေချင်တယ်လို့​ ဦး​ဌေး​က ​ပြောပါတယ်။

“မ​သေခင်မှာ ဒီမိုက​ရေစီ မြင်​တွေ့​မသွား​တောင်မှ ​ထောင်ပြင်ပမှာပဲ သူ့​ကို​နောက်ဆုံး​ အသက်ရှင်သန်​စေချင်တယ်။ ကို​ဇော်လင်း​ထွန်း​ မ​သေခင်မှာ ​နောက်ဆုံး​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ ရသွား​စေချင်တယ်၊​ ခံစား​သွား​စေချင်တယ်။”

ကျန်း​မာ​ရေး​အ​ခြေအ​နေ ဆိုး​ရွား​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ တ​ယောက်ကို အစိုး​ရအ​နေနဲ့​ ချက်ချင်း​လွှတ်​ပေး​သင့်​တယ်လို့​ ဗကသ နိင်ငံခြား​ရေး​ရာ​ကော်မတီ ​ပြောခွင့်​ရသူ ကိုမင်း​နိုင်က ​ပြောပါတယ်။

“ပထမ တချက်က ချက်ချင်း​ လွှတ်​ပေး​ဖို့​။ ​နောက်တချက် ​ထောင်ထဲမှာပဲ သူ့​ကျန်း​မာ​ရေး​ ချို့​ယွင်း​ခဲ့​တဲ့​အတွက် အစိုး​ရတရပ်အ​နေနဲ့​ တာဝန်ယူရမယ်လို့​ ကျ​နော် ​ပြောချင်ပါတယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​လုံး​ကို အမြန်ဆုံး​ ခြွင်း​ချက်မရှိ လွှတ်​ပေး​ဖို့​ လိုတယ်ဆိုတဲ့​ အချက်ကို​တော့​ ကျ​နော် ထပ်ဖြည့်​ပြီး​ ​ပြောချင်ပါတယ်။”

ကို​ဇော်လင်း​ထွန်း​ဟာ ၂၀၀၃ ခု ဗကသ ပြန်လည်ဖွဲ့​စည်း​ရေး​လှုပ်ရှား​မှုမှာ ပါဝင်တဲ့​အတွက် အာဏာပိုင်​တွေက သူ့​ကို ဖမ်း​ဆီး​ပြီး​မတရား​အသင်း​ ဆက်သွယ်မှုပုဒ်မ ၁၇ /၁၊​ အ​ရေး​ပေါ်စီမံချက်အက်ဥပ​ဒေ ပုဒ်မ ၅(ည)၊​ လူဝင်မှုကြီး​ကြပ်​ရေး​ အ​ရေး​ပေါ် ပြဋ္ဌာန်း​ချက် ဥပ​ဒေ ပုဒ်မ ၁၃/၁ နဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့​တာ ဖြစ်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013