A d v e r t i s e m e n t With Us

ရေကာတာစီမံကိန်း​များ​ကြောင့်​ မြန်မာလူထု အကျိုး​ခံစား​ခွင့်​ နည်း​ပါး

မြန်မာအစိုး​ရနဲ့​ နိုင်ငံခြား​ကုမ္ပဏီ​တွေ စာချုပ်ချုပ်လုပ်ကိုင်​နေတဲ့​ ​ရေကာတာ စီမံကိန်း​တွေဆီက မြန်မာလူထု အကျိုး​မရှိသ​လောက်ဘဲလို့​ အစိုး​ရကိန်း​ဂဏန်း​တွေကို ကိုး​ကား​ပြီး​ ရန်ကုန်အ​မေရိကန် သံရုံး​ရဲ့​ကြေး​နန်း​စာထဲမှာ ​ဖော်ပြထား​ပါတယ်။ တရုတ်၊​ ထိုင်း​၊​ ဂျပန်နှင့်​ အိန္ဒိယ ကုမ္ပဏီ​တွေနဲ့​ စာချုပ်​တွေအရ စီမံကိန်း​က​နေ လျှပ်စစ်ဓာတ်အား​ အများ​ဆုံး​ ၂၅ရာခိုင်နှုန်း​သာ မြန်မာပြည်က ရမှာဖြစ်ပြီး​ ကျန်တဲ့​ဓာတ်အား​ကို ကုမ္ပဏီ​တွေရဲ့​ အကျိုး​စီး​ပွား​နဲ့​ နိုင်ငံခြား​ကို ​ရောင်း​စား​ဖို့​ ဖြစ်တယ်လို့​ ဆိုပါတယ်။ ၂၀၀၈ ​အောက်တိုဘာလ ၂၀ ​နေ့​စွဲနဲ့​ ဝီကီလိခ်ကတဆင့်​ ​ပေါက်ကြား​တဲ့​ ​ကြေး​နန်း​စာထဲမှာ ဧရာဝတီ၊​ သံလွင်၊​ ချင်း​တွင်း​မြစ်ကြီး​တွေ​ပေါ်မှာ ၂၀၀၈ ခုနှစ်တုန်း​က ပြည်တွင်း​ပြည်ပကုမ္ပဏီ​တွေနဲ့​ ​ရေအား​လျှပ်စစ်စက်ရုံ​ပေါင်း​ ၁၉ခု ​ဆောက်လုပ်​နေပြီး​ ​နေ့​စဉ် မဂ္ဂါဝပ် ၃၀ မှ ၇၀၀၀ အထိ ထုတ်လုပ်မယ့်​ ​ရေကာ​တွေလို့​ ဆိုပါတယ်။ နောက်ထပ် စီမံကိန်း​ပေါင်း​ ၂၀ ကိုလည်း​ နိုင်ငံခြား​ကုမ္ပဏီ​တွေနဲ့​ နား​လည်မှု စာချုပ်ချုပ်ထား​တယ်လို့​ ဆိုပါတယ်။ လာမယ့်​ နှစ် ၂၀ အတွင်း​မှာ ​ရေကာ​ပေါင်း​ ၂၅၀ ခန့်​ဆောက်ဖို့​ အစိုး​ရက ​မျှော်မှန်း​ထား​ပြီး​ ​နေ့​စဉ် လျှပ်စစ်ဓာတ်အား​ မဂ္ဂါဝပ်​ပေါင်း​ ၄ ​သောင်း​လောက် ထုတ်လုပ်ဖို့​ လျာထား​တယ်လို့​ ​ကြေး​နန်း​စာထဲမှာ ​ဖော်ပြထား​ပါတယ်။ ၂၀၀၈ ခုနှစ်တုန်း​က မြန်မာတနိုင်ငံလုံး​ လိုအပ်ချက်က မဂ္ဂါဝပ် ၁၅၀၀၀ ရှိ​ပေမယ့်​ ​နေ့​စဉ် ၆၂၀၀ မဂ္ဂါဝပ်ပဲ ​ပေး​နိုင်တယ်လို့​ အမှတ် ၁ လျှပ်စစ်စွမ်း​အား​ဝန်ကြီး​ဌာနရဲ့​ အချက်အလက်​တွေကိုလည်း​ ​ဖော်ပြထား​ပါတယ်။ ဓာတ်အား​မလုံ​လောက်တဲ့​ အတွက် ရန်ကုန်၊​ မန္တ​လေး​၊​ ​တောင်ကြီး​ တို့​မှာ​တော့​ တရက် ၆ နာရီက​နေ ၈ နာရီအထိပဲရ မီး​ရရှိကြ​ပေမယ့်​ ​နေပြည်​တော်ကို​တော့​ ၂၄ နာရီမီး​ရ​အောင် အမှတ် ၁ လျှပ်စစ်ဝန်ကြီး​ဌာနက စီစဉ်​ပေး​ထား​တယ်လို့​လည်း​ ​ဖော်ပြထား​ပါတယ်။ မြန်မာပြည်မှာ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ​ပေါင်း​ ​ရေအား​လျှပ်စစ်စက်ရုံ ၉ ရုံ၊​ ဓာတ်​ငွေ့​ဓာတ်အား​ပေး​စက်ရုံ ၈ ရုံ၊​ ​ရေ​နွေး​ငွေစက်ရုံ ၆ ရုံနဲ့​ ဓာတ်အား​ခွဲစက်ရုံ ၅၂ ရုံ ရှိ​နေ​ပေမယ့်​ အများ​စု ဆင်း​ရဲသား​တွေက​တော့​ ဖ​ယောင်း​တိုင်နဲ့​ ဘက်ထရီကိုပဲ အား​ကိုး​နေရတယ်လို့​ ​ဖော်ပြထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up