A d v e r t i s e m e n t With Us

ဆည်​ရေလွှတ်သဖြင့်​ ​တောင်ငူတွင် ​ရေကြီး

ဆည်​ရေလွှတ်တဲ့​အတွက် ​တောင်ငူမြို့​နဲ့​ အနီး​ဝန်း​ကျင်မှာ ​ရေကြီး​နေပြီး​ ​ထောင်နဲ့​ချီတဲ့​ ​ရေ​ဘေး​သင့်​သူ​တွေ ​ရေလွတ်ရာကို ​ရှောင်တိမ်း​နေရပါတယ်။ ရေလျှံ​နေတဲ့​ ပသိဆည်၊​ ခ​ပေါင်း​ချောင်း​နဲ့​ ဆွာ​ချောင်း​ ​ရေ​လှောင်တမံတို့​က​နေ ​ရေ​တွေကို ​ဖောက်လွှတ်လိုက်တဲ့​အတွက် ​တောင်ငူမြို့​အပါအဝင် အနီး​ဝန်း​ကျင် ​ကျေး​ရွာ​တွေမှာ ​ရေနစ်မြုပ်​နေတာလို့​ ​တောင်ငူမြို့​ခံတဦး​က ​ပြောပါတယ်။ စစ်​တောင်း​မြစ်​ရေ တက်တာ​ကြောင့်​လည်း​ ခုလ ၁၀ ရက်​နေ့​ကတည်း​က ​တောင်ငူမြို့​အတွင်း​ ​ရေကြီး​နေပြီး​ စစ်​တောင်း​မြစ်​ဘေး​တ​လျှောက် ​နေထိုင်သူ​တွေ ​ရေလွတ်ရာကို ထွက်​ပြေး​ခိုလှုံ​နေကြရပါတယ်။ လက်ရှိမှာ ကယ်ဆယ်​ရေး​စခန်း​ ၂၀ ​လောက် ဖွင့်​ထား​ပြီး​ ​ရေ​ဘေး​ဒုက္ခသည် ၅,၀၀၀ ​လောက် ရှိမယ်လို့​ ​တောင်ငူမြို့​ခံက ​ပြောပါတယ်။ “အခုက ဆည်ကိစ္စ​ကြောင့်​ ​ရေကြီး​တာ။ မြစ်မှာ စိုး​ရိမ်​ရေထက်​ကျော်​နေတယ်။ ​လော​လောဆယ် ​ရေက တ​နေ့​တခြား​ တက်​နေတယ်။ အဆိုး​ဆုံး​နေရာက ​လေး​မိုင်နဲ့​ ​တောင်ငူမြို့​ကြား​ မိုး​ကောင်း​တို့​က အ​ခြေအ​နေ​တော်​တော်ဆိုး​နေတယ်။ အရင် ​ရေကြီး​တဲ့​နေရာ​တွေအား​လုံး​မှာ ​ရေပြန်တက်တာ။” တောင်ငူမြို့​ အ​ရှေ့​ဘက်ကမ်း​ဘက်မှာ လူတရပ်​ကျော် ​ရေနစ်မြုပ်​နေပြီး​ သွား​လာ​ရေး​ ခက်ခဲ​နေတယ်လို့​လည်း​ ​ပြောပါတယ်။ ရေ​ဘေး​ကြုံသူ​တွေဟာ ဘုန်း​ကြီး​ကျောင်း​တွေမှာ ခိုလှုံ​နေကြပြီး​ ​ရေ​ဘေး​သင့်​သူတချို့​ ဝမ်း​ရောဂါနဲ့​ ဖျား​နာမှု စတင်ဖြစ်ပွား​နေတယ်လို့​လည်း​ ​တောင်ငူမြို့​ခံက ​ပြောပါတယ်။ ရေကြီး​မှု​ကြောင့်​ ရွာ​တွေကစာသင်​ကျောင်း​တွေပိတ်ထား​ပြီး​ ​တောင်ငူမြို့​တွင်း​ မှာ​တော့​ ​ကျောင်း​တွေ မပိတ်​ပေမယ့်​ ​ရေကြီး​တဲ့​ရပ်ကွက်​တွေဘက်က ​ကျောင်း​သူ​ကျောင်း​သား​တွေ ​ကျောင်း​မတတ်နိုင်ဘူး​လို့​ သိရပါတယ်။ တောင်ငူမြို့​ စစ်​တောင်း​မြစ်ကမ်း​မှာ ပြီး​ခဲ့​တဲ့​လက စတင်​ရေကြီး​ခဲ့​ပြီး​ ခုရက်ပိုင်း​မှာ ​ရေပိုတက်လာတာလို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up