DVB Logo
Home
မြန်မာသတင်း
ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲဖြစ် – ရွာသား​များ​ ရိုက်နှက်ခံရ
DVB
·
September 13, 2011
Donate to DVB

ရှမ်း​ပြည်နယ်မှာ အက်စ်အက်စ်​အေ (ရှမ်း​ပြည်တပ်မ​တော်) နဲ့​ အစိုး​ရတပ်တို့​ တိုက်ပွဲ​တွေဖြစ်ပြီး​ ရွာသား​တွေကို အစိုး​ရတပ်က ရိုက်နှက်ခြိမ်း​ခြောက်မှု​တွေ ဖြစ်​နေတယ် လို့​ သတင်း​ရရှိပါတယ်။

ဒီလ ၁၁ ရက်​နေ့​က မိုင်း​ရှူး​မြို့​နယ် နမ့်​စိုင်​ကျေး​ရွာအုပ်စုထဲမှာ အစိုး​ရတပ် ခမရ ၅၂၈ နဲ့​ ခလရ ၂၄၇ ပူး​ပေါင်း​တပ်ကို အက်စ်အက်စ်​အေ တပ်မဟာ ၉၇၂ တပ်ရင်း​ ၃၆ က ချုံခိုတိုက်ခိုက်ပါတယ်။ နာရီဝက်​လောက် အပြန်အလှန်ပစ်ခတ်ပြီး​ အစိုး​ရတပ်ဘက်က ၃ ဦး​ကျဆုံး​ပြီး​ ၈ ဦး​ ဒဏ်ရာရသွား​တယ်လို့​ အက်စ်အက်စ်​အေက ​ပြောပါတယ်။

ရှမ်း​ပြည်တပ်မ​တော်ဘက်က ​ပြောက်ကျား​ချုံခိုတိုက်ခိုက်တဲ့​အတွက် တိုက်ပွဲဖြစ်တဲ့​ဒေသက ရွာသား​တွေကို အစိုး​ရတပ်က စွပ်စွဲရိုက်နှက်၊​ ခြိမ်း​ခြောက်တာ​တွေ ရှိ​နေတယ်လို့​ ရှမ်း​ပြည်တပ်မ​တော် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ ​ပြောခွင့်​ရပုဂ္ဂိုလ် ဗိုလ်မှူး​စိုင်း​လက ​ပြောပါတယ်။

“တိုက်ပွဲဖြစ်တိုင်း​ သူတို့​နီး​ရာရွာကိုဝင်ပြီး​ ရွာသား​တွေကို ဖမ်း​ပြီး​တော့​ ရိုက်နှက်စစ်​ဆေး​တယ်​လေ။ ပြီး​တော့​ ရွာထဲမှာရှိတဲ့​ စား​သောက်ရိက္ခာ​တွေကိုလည်း​ သူတို့​ယူတယ်။ ကျ​နော်တို့​က​တော့​ ​ဒေသခံလူထု​တွေ အထိနာမှာစိုး​လို့​ တတ်နိုင်သ​လောက် ရွာထဲမှာပစ်ခတ်တာမျိုး​တော့​ ​ရှောင်တယ်၊​ ​တောထဲမှာပဲ ခို​အောင်း​တယ်၊​ သူတို့​က ကျ​နော်တို့​ကို​တောနင်း​ရှာပြီး​ တိုက်ဖို့​လှုပ်ရှား​တဲ့​အတွက် ကျ​နော်တို့​ကလည်း​ တိုက်ရတာ​ပေါ့။”

ခုလ ၈ ရက်​နေ့​မှာ အက်စ်အက်စ်​အေ တပ်မဟာ၁ နဲ့​ အစိုး​ရတပ် ခလရ ၃၂၅ တို့​ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ မိုင်း​ရယ်မြို့​နယ် ဝမ်​နောင်မိုင်း​ကျစ်​ဒေသမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား​ပါတယ်။ ဒီတိုက်ပွဲမှာ အစိုး​ရတပ်ဘက်က တဦး​ကျဆုံး​ပြီး​ တဦး​ဒဏ်ရာရတယ်လို့​ အက်စ်အက်စ်​အေက ​ပြောပါတယ်။ အက်စ်အက်စ်​အေဘက်က နယ်​မြေကျွမ်း​ကျင်မှု၊​ ​ပြောက်ကျား​တိုက်ခိုက်မှုတို့​ကြောင့်​ အထိအခိုက်နည်း​တယ်လို့​လည်း​ ဆိုပါတယ်။

ခုလ ၇ ရက်​နေ့​ကလည်း​ အစိုး​ရတပ် ခလရ ၃၂၅ က ဗိုလ်ကြီး​နိုင်ဝင်း​ဇော်နဲ့​ တပ်ဖွဲ့​ဝင် ၄ ဦး​ဟာ မိုင်း​ရယ်မြို့​နယ် ဝမ်ပုံရွာက အိမ် ၂ အိမ်ကို ဝင်ပြီး​ အက်စ်အက်စ​အေစစ်သား​သတင်း​မေး​ရာမှာ သတင်း​မရလို့​ အသက် ၅၀ အရွယ်လူကြီး​တဦး​နဲ့​ လူငယ် ၃ ဦး​ကို ​သေနတ်ဒင်နဲ့​ ရိုက်နှက်သွား​တယ်လို့​ ရွာသား​တွေက ​ပြောပါတယ်။ ဟိုလန်း​ရွာမှာ​တော့​ အစိုး​ရ ခလရ ၃၂၅ နဲ့​ ခမရ ၅၀၄ တပ်တို့​က စား​နပ်ရိက္ခာ​တွေ ယူသွား​တယ်လို့​ ရွာသား​တွေက ​ပြောပါတယ်။

မိုင်း​ရယ်မြို့​နယ် ခို​လောင်း​ကျေး​ရွာအုပ်စုက ရွာသား​တွေကလည်း​ သူတို့​ လယ်ထဲအလုပ်ဆင်း​မယ်ဆိုရင် လယ်ကွက်အမည်၊​ လယ်သမား​ဦး​ရေ​တွေကို အစိုး​ရတပ်ကို စာရင်း​ကြို​ပေး​ရပြီး​ ​ပေး​ထား​တဲ့​စာရင်း​ထက် ပို​နေရင် ပစ်ခတ်မယ်လို့​ ခလရ ၂၂ က ခြိမ်း​ခြောက်ထား​တယ်လို့​ ​ဒေသခံရွာသား​က ​ပြောပါတယ်။

ဌာ​နေပြည်သူ့​စစ်အသွင်​ပြောင်း​ရေး​ကို ငြင်း​ဆန်ခဲ့​တဲ့​ ဝမ့်​ဟိုင်း​အ​ခြေစိုက် ရှမ်း​ပြည်တပ်မ​တော်ကို အစိုး​ရတပ်က ထိုး​စစ်ဆင်တိုက်ခိုက်တဲ့​ ၆ လ​ကျော်အတွင်း​ မြို့​နယ် ၉ ခုက လူ ၃၀,၀၀၀ ​ကျော် ​နေအိမ်စွန့်​ခွာ ထွက်​ပြေး​ကြရပါတယ်။ တိုက်ပွဲ​ကြောင့်​ ​ကျေး​သီး​မြို့​နယ်က စာသင်​ကျောင်း​ ၁၅ ​ကျောင်း​ကိုလည်း​ ပိတ်ထား​ရတယ်လို့​ နယ်​မြေခံ ​ကျောင်း​ဆရာတဦး​က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013