A d v e r t i s e m e n t With Us

ရဲတပ်ရင်း​သစ်များ​ တိုး​ချဲ့​ဖွဲ့​စည်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့​လက်​အောက်ခံ ရဲတပ်ရင်း​သစ်​တွေ တိုး​ချဲ့​ဖွဲ့​စည်း​နေပြီး​ ရန်ကုန်အနီး​တဝိုက်က ရဲတပ်ရင်း​တွေကိုလည်း​ ရှမ်း​ပြည်နယ်ဘက်ကို ​ပြောင်း​ရွှေ့​လိုက် တယ်လို့​ ရဲဝန်ထမ်း​တချို့​ဆီက စုံစမ်း​သိရှိရပါတယ်။ ရဲတပ်ရင်း​သစ် ၄ ခုက​တော့​ အမှတ် ၁၇ ၊​ ၁၈၊​ ၁၉ နဲ့​ အမှတ် ၂၀ တပ်ရင်း​ ၄ ရင်း​ဖြစ်ပြီး​ ​နေပြည်​တော်အနီး​အနား​တဝိုက်က ​ဒေသ​တွေမှာ ဖွဲ့​စည်း​မယ်လို့​ သိရပါတယ်။ နေပြည်​တော်မှာရှိတဲ့​ ​ဆောက်အဦ​တွေ လုံခြုံ​ရေး​နဲ့​ ဝန်ကြီး​အဖွဲ့​တွေနဲ့​ အစိုး​ရအရာရှိ​တွေ ခရီး​သွား​လာရာမှာ လမ်း​ကြောင်း​လုံခြုံ​ရေး​အတွက် ဖြစ်တယ်လို့​လည်း​ ရဲတပ်ဖွဲ့​ဝင်တဦး​က ​ပြောပြပါတယ်။ ရဲတပ်ရင်း​တွေ တိုး​ချဲ့​ဖွဲ့​စည်း​တာနဲ့​ပတ်သတ်ပြီး​ သီး​ခြား​အတည်ပြုချက်​တော့​ မရရှိ​သေး​ပါဘူး​။ ရန်ကုန်မြို့​အနီး​က ​မှော်ဘီမြို့​နယ်မှာရှိတဲ့​ အမှတ် ၅ ရဲတပ်ရင်း​နဲ့​ ​ရွှေပြည်သာမြို့​နယ်ရှိ အမှတ် ၆ ရဲတပ်ရင်း​တို့​ကို​တော့​ ရှမ်း​ပြည်နယ်ဘက်ကို ​ပြောင်း​ရွှေ့​တယ်လို့​ သိရပါတယ်။ မတ်လ ၃၀ ရက်ကစပြီး​ ရန်ကုန် အပါအဝင် မြို့​ကြီး​တွေရှိ အစိုး​ရအ​ဆောက်အဦ​တွေနဲ့​ အစိုး​ရအရာရှိ​တွေရဲ့​ လုံခြုံ​ရေး​ကို ရဲတပ်ရင်း​တွေက တာဝန်ယူ​နေရပြီး​ အင်အား​မလုံ​လောက်မှု​ကြောင့်​ နယ်​မြေခံ ရဲတပ်ဖွဲ့​ကို အသုံး​ပြု​နေရတယ်လို့​ ရဲတပ်ဖွဲ့​ဝင်တဦး​က ​ပြောပြပါတယ်။ “ရန်ကုန်အ​နေအထား​မှာဆိုရင်လည်း​ ​ပြောမယ်ဆိုရင် လုံခြုံ​ရေး​အပိုင်း​ သွား​တာလည်း​ အကုန်လုံး​ ရဲပဲသွား​တယ်။ ရဲပဲသွား​တော့​ အ​ကြောင်း​ကိစ္စဆိုရင် ရဲတပ်ရင်း​တွေတင်မက နယ်​မြေစခန်း​ရဲ​တွေပါ အား​ဖြည့်​ပြီး​တော့​ လုပ်​ပေး​ရတာမျိုး​ရှိတယ်။” ရန်ကုန်မှာ ရဲတပ်ရင်း​ ၆ ရင်း​၊​ မန္တ​လေး​မှာ တပ်ရင်း​ ၂ ရင်း​၊​ ပဲခူး​တိုင်း​မှာ တပ်ရင်း​ ၃ ရင်း​၊​ ရခိုင်ပြည်နယ်မှာ ၃ ရင်း​၊​ မွန်ပြည်နယ်မှာ ၁ ရင်း​နဲ့​ စစ်ကိုင်း​တိုင်း​မှာ ၁ ရင်း​ အသီး​သီး​ ​နေရာချထား​ခဲ့​တာဖြစ်ပြီး​ အဓိကရုဏ်း​နှိမ်နင်း​ရေး​နဲ့​ လုံခြုံ​ရေး​အတွက် ဒီရဲတပ်ရင်း​တွေကို ဖွဲ့​စည်း​ခဲ့​တာလို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up