DVB Logo
Home
မြန်မာသတင်း
ကရင်တိုင်း​ရင်း​သား​များ​အတွက် အကျိုး​ဆောင်သူ သတ်ဖြတ်ခံရ
DVB
·
September 13, 2011
Donate to DVB

ထိုင်း​နိုင်ငံမှာ အိမ်ရာမီး​ရှို့​ခံရပြီး​ အ​ခြေခံလူ့​အခွင့်​အ​ရေး​ ဆုံး​ရှုံး​နေတဲ့​ ဌာ​နေကရင်တိုင်း​ရင်း​သား​တွေအတွက် အကျိုး​ဆောင်လှုပ်ရှား​ပေး​နေသူ မစ္စတာ တပ်ကမွန် အွပ်ဘွန် လုပ်ကြံပစ်သတ်ခံလိုက်ရပါတယ်။

ထိုင်း​နိုင်ငံ ဖက်ခ်ျဘူရီခရိုင် ကဲန်ကကျန် သစ်​တောကြိုး​ဝိုင်း​ထဲက ကရင်လူမျိုး​တွေ ရသင့်​တဲ့​ အ​ခြေခံလူ့​အခွင့်​အ​ရေး​တွေအတွက် ထိုင်း​ဘုရင်ဆီ အစီရင်ခံစာ တင်သွင်း​ဖို့​ ပြင်ဆင်​နေချိန် စက်တင်ဘာ ၉ ရက်​နေ့​မှာ ​သေနတ်နဲ့​ ပစ်ခတ်လုပ်ကြံခံရတာလို့​ ဖက်ခ်ျဘူရီခရိုင် သဘာဝပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ ကရင်ကွန်ရက်အဖွဲ့​ခေါင်း​ဆောင် ဝွတ်ဘွန်လတ်က ​ပြောပါတယ်။ ဘယ်သူ​တွေက ပစ်ခတ်လုပ်ကြံသွား​တယ်ဆိုတာ​တော့​ မသိရ​သေး​ဘူး​လို့​ ဆိုပါတယ်။

မစ္စတာ တပ်ကမွန်ဟာ ကရင်လူမျိုး​တွေ အိမ်ရာမီး​ရှို့​ခံရပြီး​ အ​ခြေခံအခွင့်​ရေး​တွေ ဆုံး​ရှုံး​နေတာကို မီဒီယာ​တွေနဲ့​ ထိုင်း​နိုင်ငံတဝန်း​ သိသွား​အောင် ​ဖော်ထုတ်ခဲ့​လို့​ အခုလို သတ်ဖြတ်ခံရတာ ဖြစ်နိုင်​ကြောင်း​လည်း​ ဝွတ်ဘွန်လတ်က ​ပြောပါတယ်။

မစ္စတာ တပ်ကမွန်ဟာ စက်တင်ဘာ ၈ ရက်​နေ့​က ဘန်​ကောက်နှီး​နှောဖလှယ်ပွဲတခု တက်​ရောက်ရာမှာ ကရင် ၈ ဦး​ခန့်​ခေါ်သွား​ပြီး​ သတင်း​စာရှင်း​လင်း​ပွဲပြုလုပ်ခဲ့​တယ်လို့​ မစ္စတာ ဝွတ်ဘွန်လတ်က ​ပြောပါတယ်။

ရှင်း​လင်း​ပွဲမှာ ကရင်လူမျိုး​တွေဟာ သစ်​တောကြိုး​ဝိုင်း​ ဥပ​ဒေမချမှတ်ခင် နှစ်​ပေါင်း​ရာချီကတည်း​က ​နေထိုင်လာခဲ့​တဲ့​ ထိုင်း​နိုင်ငံသား​တွေဖြစ်ပြီး​ မြန်မာပြည်က ခိုး​ဝင်လာသူ​တွေမဟုတ်​ကြောင်း​၊​ အလှည့်​ကျ​တောင်ယာ​တွေလုပ်ပြီး​ သစ်​တောထိန်း​သိမ်း​မှုကို လုပ်​နေတာဖြစ်​ကြောင်း​ ​ပြောခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် သူတို့​ကို ​ရွှေ့​ပြောင်း​စေလိုပါက ထိုက်တန်တဲ့​ အစား​ထိုး​မှု​တွေ ပြုလုပ်​ပေး​ရမှာဖြစ်ပြီး​ အကြမ်း​နည်း​လမ်း​နဲ့​ လုပ်ခွင့်​မရှိဘူး​လို့​လည်း​ မစ္စတာတပ်ကမွန်အွပ်ဘွန်က ရှင်း​လင်း​သွား​တယ်လို့​ ဆိုပါတယ်။

တပ်ကမွန် အွပ်ဘွန်ဟာ ဆူပူမှုဖြစ်​အောင် လှုံ့​ဆော်​နေသူတဦး​ဖြစ်တဲ့​အတွက် ကဲန်ကကျန် သစ်​တောကြိုး​ဝိုင်း​ထဲဝင်ခွင့်​ကို တား​မြစ်ထား​ကြောင်း​ ​ကြေညာချက်ဆိုင်း​ဘုတ်ကို သစ်​တောအဝင်ဂိတ်မှာ သစ်​တောဌာနမှူး​ရဲ့​ အမိန်နဲ့​ကပ်ထား​တယ်လို့​ ဝွတ်ဘွန်လတ်က ​ပြောပါတယ်။

မစ္စတာတပ်ကမွန်အွပ်ဘွန်ဟာ ထိုင်း​ဘုရင့်​နန်း​တွင်း​အထိ ​ပေါက်​ရောက်သူဖြစ်ပြီး​ ထိုင်း​မှာ လူအများ​ရဲ့​ ကြည်ညို​လေး​စား​ခံရသူလည်း​ဖြစ်သည်။

အခုလို သတ်ဖြတ်ခံရတာဟာ သစ်​တောကြိုး​ဝိုင်း​ထဲမှ အိမ်ရာမီး​ရှို့​ခံရပြီး​ အ​ခြေခံအခွင့်​အ​ရေး​တွေ ချိုး​ဖောက်ခံ​နေရတဲ့​ ကရင်​တွေအတွက် လှုပ်ရှား​တောင်း​ဆိုမှု ပြုလုပ်​နေတဲ့​ တခြား​သူ​တွေကိုလည်း​ ​ခြောက်လှန့်​နေသလိုဖြစ်​နေ​ကြောင်း​ ထိုင်း​နိုင်ငံ လူ့​အခွင့်​အ​ရေး​ကွန်ရက်အဖွဲ့​ဝင်​တွေက ​ပြောဆိုကြပါတယ်။

ကဲန်ကကျန် သဘာဝသစ်​တော ထိန်း​သိမ်း​ရေး​ဌာနမှူး​က​တော့​ အခုလို အိမ်ရာ​တွေကို မီး​ရှို့​ဖျက်ဆီး​ပြီး​ ​ပြောင်း​ရွှေ့​ခိုင်း​ရတာဟာ ဌာ​နေကရင်လူမျိုး​တွေက သစ်​တောကိုဖျက်ဆီး​ပြီး​ ဘိန်း​စိုက်​နေလို့​ဖြစ်​ကြောင်း​ မီဒီယာ​တွေကို ​ပြောဆိုထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013