DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီက သနပ်ပင်မြို့​ ​ရေ​ဘေး​သင့်​သူများ​ကို အခမဲ့​ ​ဆေး​ဝါး​ကုသ
DVB
·
September 13, 2011
အန်အယ်လ်ဒီက သနပ်ပင်မြို့​ ​ရေ​ဘေး​သင့်​သူများ​ကို အခမဲ့​ ​ဆေး​ဝါး​ကုသ
Donate to DVB

ပဲခူး​တိုင်း​ သနပ်ပင်မြို့​နယ်က ​ရေ​ဘေး​သင့်​သူ​တွေကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) က အခမဲ့​ ​ဆေး​ကုသ​ပေး​ပါတယ်။

[caption id="attachment_15493" align="alignright" width="310" caption="ပဲခူးမြို့​ ​ရေကြီးခဲ့စဉ်က"][/caption]

မ​နေ့​က သနပ်ပင်မြို့​နယ် တာဝ​ရေတံခါး​တိုက်နယ် ​ကျေး​ရွာ​လေး​ခုကို သနပ်ပင်မြို့​နယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင်​တွေက ​ဆေး​ကုသမှု ပြုလုပ်​ပေး​ခဲ့​ပြီး​ လူနာ​ပေါင်း​ ၁၇၀ လာ​ရောက်ကုသခဲ့​တယ်လို့​ သနပ်ပင်မြို့​နယ်အဖွဲ့​ချုပ် ဥက္ကဋ္ဌ ဦး​မြင့်​ဦး​က ​ပြောပါတယ်။

“ကုရတဲ့​ရည်ရွယ်ချက်က အဲဒီ​ဒေသက ပဲခူး​မြစ်​ရေလွှမ်း​သွား​တယ်။ ​ရေ​ဘေး​ဒုက္ခရဲ့​ ​နောက်ဆက်တွဲ ​ရောဂါ​တွေ ထူ​ပြောတာ​ပေါ့​၊​ သူတို့​ ​ဆေး​ဝါး​လည်း​ မကုနိုင်ကြဘူး​။ ​ဒေသခံ​တွေက လယ်​တွေကလည်း​ အား​လုံး​ ​ရေမြုပ်ကုန်​တော့​ စီး​ပွား​ရေး​လည်း​ ​တော်​တော်ခက်ခဲ​နေတယ်။ အဲဒါ​ကြောင့်​ အဲ့​ဒီ​ဒေသကို ဦး​စား​ပေး​ရွေး​ချယ်တာ​ပေါ့​။ သူတို့​ဒေသကလည်း​ အန်ကယ်တို့​ကို ဖုန်း​နဲ့​ရော စာ​ရေး​တောင်း​ဆိုတာ​တွေ ရှိတယ်။”

ကုသမှုခံယူသူ​တွေထဲမှာ ​လေး​ဘက်နာ၊​ နှလုံး​ရောဂါနဲ့​ ​သွေး​အား​နည်း​တဲ့​ရောဂါ အ​တော်များ​များ​တွေ့​ရသလို က​လေး​ငယ်​တွေမှာလည်း​ ​ချောင်း​ဆိုး​ရင်ကြပ်နဲ့​ အာဟာရ မလုံ​လောက်တဲ့​ ​ရောဂါ​တွေ အဖြစ်များ​နေတယ်လို့​ ဦး​မြင့်​ဦး​က ​ပြောပါတယ်။

ဆေး​ကုသမှုအပြင် အဲဒီ​ကျေး​ရွာလယ်သမား​တွေ ကြုံ​တွေ့​ ​နေရတဲ့​အခက်အခဲ ပြဿနာ​တွေကို ​ဆွေး​နွေး​မေး​မြန်း​ခဲ့​ပြီး​ လယ်သမား​ရေး​ရာ ကွန်ရက်တခု ဖွဲ့​ပေး​ ခဲ့​တယ်လို့​ ဆိုပါတယ်။

ရေကြီး​မှု​ကြောင့်​ ​ဒေသခံ လယ်သမား​တွေ အခက်အခဲကြုံ​နေရတာနဲ့​ ပတ်သက်ပြီး​ ဦး​မြင့်​ဦး​က အခုလို ​ပြောပါတယ်။

“လယ်သမား​တွေ​ပြောတာက သူတို့​လယ်​တွေက အကုန်လုံး​ပျက်စီး​သွား​ပြီ။ မိုး​စပါး​က မရ​တော့​ဘူး​ဆို​တော့​ ​နွေစပါး​ကို အား​ကိုး​ရင် သူတို့​မှာ မျိုး​စပါး​မရှိဘူး​။ ​နွေစပါး​ကို ပြန်စိုက်တဲ့​အခါမှာ လိုအပ်ချက်က ​နွေဆိုရင် ​ရေလည်း​လိုအပ်ချက်ရှိတယ်။ တချို့​လယ်​တွေကျ​တော့​ ဆည်​မြောင်း​စနစ်နဲ့​ ရနိုင်တယ်၊​ တချို့​ကျ​တော့​ မရနိုင်​တော့​ ​မော်တာနဲ့​ ​မောင်း​တင်ရ​တော့​ စက်ဆီလည်း​ အခက်အခဲရှိတယ်။ ​နောက် ​မြေဩဇာ အခက်အခဲရှိတယ်။ ​မြေဩဇာကို အစိုး​ရအ​နေနဲ့​ သက်သာတဲ့​ ​ဈေး​နှုန်း​နဲ့​ မျိုး​ကောင်း​မျိုး​သန့်​တွေကို ​ပေး​မယ်ဆိုရင် အဆင်​ပြေမယ်​ပေါ့​။”

လယ်သမား​ကွန်ရက်အပြင် လူငယ်ကွန်ရက်နဲ့​ စာကြည့်​တိုက်​တွေကိုလည်း​ ဖွဲ့​စည်း​ဖွင့်​လှစ်​ပေး​ခဲ့​တယ်လို့​ ဦး​မြင့်​ဦး​က ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ဩဂုတ်လဆန်း​ပိုင်း​လောက်ကစပြီး​ မိုး​အဆက်မပြတ်ရွာသွန်း​မှု​ကြောင့်​ ပဲခူး​တိုင်း​၊​ ဧရာဝတီတိုင်း​၊​ ရခိုင်ပြည်နယ်နဲ့​ ကရင်ပြည်နယ် မြို့​ကြီး​အချို့​ ​ရေနစ်မြုပ်ခဲ့​တာပြီး​ ​ရေ​ဘေး​ဒုက္ခသည်​တွေ အခက်အခဲ ကြုံ​နေကြရတာပါ။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013