ကိုပါဖလားပွဲ ချီလီ ၄ – ၂ ပနားမား၊ အာဂျင်တီးနား ၃ – ၀ ဘိုလီးဗီးယား (ရုပ်သံဟိုက်လိုက်)

ကိုပါအမေရိက အုပ်စု ဒီ နောက်ဆုံးပွဲစဉ်မှာ ချီလီက ပနားမားကို ၄ ဂိုး ၂ ဂိုး၊ အာဂျင်တီးနားက ဘိုလီးဗီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီးအနိုင်ရရှိသွားပါတယ်။ ပထမပွဲစဉ် ချီလီနဲ့ ပနားမားပွဲမှာတော့ ပနားမားက ဗွေဆော်ဦးဂိုးကို ပထမပိုင်း ၅ မိနစ်မှာ သွင်းယူပါတယ်။ ချီလီက ပထမပိုင်း ၁၅ မိနစ်မှာ ချေပဂိုးနဲ့ ၄၃ မိနစ်မှာ ဒုတိယဂိုး သွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၅၀ မိနစ်မှာတော့ ချီလီက တတိယဂိုး သွင်းယူခဲ့ပေမယ့် ၇၅ မိနစ်မှာတော့ ပနားမားက ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ၈၉ မိနစ်မှာ ချီလီက စတုတ္ထဂိုး ထပ်မံသွင်းယူပြီး ၄ ဂိုး ၂ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ အာဂျင်တီးနားအတွက် ပထမပိုင်း ၁၃ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့သလို ဒီနောက် ၁၅ မိနစ်နဲ့ ၃၃ မိနစ်မှာ ဒုတိယဂိုးနဲ့ တတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ပထမပိုင်းမှာ အဓိကကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဒီမာရီယာ၊ မာရှေယာနိုတို့ကို အာဂျင်တီးနားက အနားပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ၂ ဘက်စလုံး ဂိုးမသွင်းနိုင်တဲ့အတွက် ၃ ဂိုး ဂိုးမရှိနဲ့ အဆုံးသတ်သွားပါတယ်။ အုပ်စု ဒီ မှာ အာဂျင်တီးနားက  ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ ပထမ၊ ချီလီက ၃ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ဒုတိယ၊ ပနားမားကတော့ ၃ ပွဲကစား ၁ ပွဲနိုင် ၃ မှတ်နဲ့ တတိယ၊ ဘိုလီးဗီးယားကတော့ ၃ ပွဲကစား ၃ပွဲရှုံးနဲ့ တမှတ်မှမရခဲ့ပါဘူး။ အုပ်စုတွင်းပွဲစဉ်တွေ အပြီးမှာတော့ အာဂျင်တီးနားနဲ့ ချီလီတို့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up