A d v e r t i s e m e n t With Us

စစ်ကိုင်းအလုပ်သမားများရုံးထုတ်မည့် တပ်ကုန်းတရားရုံးတွင် လုံခြုံရေးတင်းကျပ်

အလုပ်သမားအခွင့်အရေးရရှိဖို့အတွက် လမ်းလျှောက်ဆန္ဒပြ တောင်းဆိုမှုကြောင့် ဖမ်းဆီးခံခဲ့ရ တဲ့ စစ်ကိုင်းသစ်အချောထည်စက်ရုံ အလုပ်သမားတွေကို ဒီနေ့ ရုံးထုတ်မယ့် တပ်ကုန်း တရားရုံးမှာ လုံခြုံရေးတင်းကျပ်ထားပါတယ်။ စစ်ကိုင်းအလုပ်သမားတွေနဲ့ ဝန်းရံသူ ၁၅ ဦးကို တရားရုံးထုတ်မှာဖြစ်ပြီး ပထမအကြိမ် တရားရုံး ထုတ်တုန်းကလို တရားရုံးပရဝဏ်အတွင်း ဆူညံမှု၊ လူစုလူဝေးမှုတွေ မဖြစ်ပေါ်စေရန် လုံခြုံရေး တွေကို တရားရုံး ပရဝဏ် ဝင်ထွက်အပေါက်ဝတွေမှာ ပိတ်စို့ချထားတာပါ။ စစ်ကိုင်းအလုပ်သမားသပိတ်မှာပါဝင်ခဲ့တဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားခေါင်းဆောင် အချို့အပါအဝင် ၁၅ ဦးကို ဇွန်လ ၁၅ ရက်နေ့မှာ ဒုတိယအကြိမ် တရားရုံးထုတ်မှာဖြစ်ပြီး ဇွန်လ ၁ ရက်နေ့က ပထမအကြိမ်ရုံးထုတ်ခဲ့ပါတယ်။ ပထမအကြိမ်တုန်းက တရားရုံးပရဝဏ်အတွင်း အလုပ်သမားတွေ၊ ဗကသ ကျောင်းသားအဖွဲ့ဝင် တွေနဲ့ ဝန်းရံကျသူတွေက စုရုံးတောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တုန်းက တရားစွဲဆိုခံထားရတဲ့သူတွေက လက်ရှိတရားဥပဒေ အပေါ် ယုံကြည်မှုမရှိတဲ့အတွက် တရားရင်ဆိုင်ခြင်းမရှိပဲ သပိတ်မှောက်ခဲ့ကြတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up