Home
ဆောင်းပါး
လူ့​အခွင့်​အ​ရေး​တိုက်ပွဲဝင် ပုဂ္ဂိုလ်​ကျော်များ​ အပိုင်း​ (၈)၊​ အလုပ်သမား​တို့​ရဲ့​ မိခင်ကြီး​ မာသာဂျုံး​စ်
DVB
·
September 13, 2011
အ​မေရိကန်လူ့​အခွင့်​အ​ရေး​သမိုင်း​မှာ အလုပ်သမား​တွေရဲ့​ အခွင့်​အ​ရေး​အတွက် တိုက်ပွဲဝင်ရင်း​ အသက် ရဝ ​ကျော် အရွယ်မှာမှ ​ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ခံခဲ့​ရတဲ့​ အမျိုး​သမီး​ကြီး​တ​ယောက် ရှိခဲ့​ဖူး​ပါတယ်။ သူ့​ကို အလုပ်သမား​တွေက မာသာဂျုံး​စ်လို့​ ​ခေါ်ပါတယ်။ မြန်မာလိုဆိုရင်​တော့​ အ​မေဂျုံး​စ်​ပေါ့​။ အ​မေဂျုံး​က ​ကြွေး​ကြော်ခဲ့​တဲ့​စကား​တခွန်း​ ရှိပါတယ်။ “အလုပ်သမား​ တိုက်ပွဲရှိတဲ့​ ​နေရာမှာ အ​မေဂျုံး​စ် အမြဲရှိတယ်” ဆိုတဲ့​စကား​ပါ။ အ​မေဂျုံး​စ်တို့​လို သက်ကြီး​ရွယ်အို​တွေ ကိုယ်တိုင် ဒီလို စိတ်အား​ထက်ထက်သန်သန် တိုက်ပွဲဝင်ခဲ့​တဲ့​အတွက် အ​မေရိကန်ပြည်​ထောင်စုမှာ အလုပ်သမား​အခွင့်​အ​ရေး​တွေကို ခံစား​ခဲ့​ရတာ ဖြစ်ပါတယ်၊​၊​ ဒါ​ကြောင့်​လည်း​ အ​မေဂျုံး​စ်ကို အ​မေရိကန်လူ့​အခွင့်​အ​ရေး​သမိုင်း​မှာ ​နေရာတခု ​ပေး​နေရဆဲပါ။ အ​မေရိကန်မှာထုတ်​ဝေတဲ့​ နာမည်​ကျော် မာသာဂျုံး​စ်မဂ္ဂဇင်း​ဟာ သူ့​ကိုရည်စူး​ဂုဏ်ပြုပြီး​ ထုတ်​ဝေတာဖြစ်ပါတယ်။ အ​မေဂျုံး​စ်ရဲ့​ အမည်ရင်း​က မာရီဟဲရစ်စ်ဂျုံး​စ်ဖြစ်ပါတယ်။ ၁၈၃၇ ခုနှစ် ဩဂုတ် ၁ ရက်​နေ့​မှာ အိုင်ယာလန်နိုင်ငံမှာ ​မွေး​ဖွား​ခဲ့​တာပါ။ မာသာဂျုံး​စ် အ​ဖေဘက်က ​တော်လှန်​ရေး​သမား​တွေပါ။ သူ့​အဖိုး​က ကြိုး​ပေး​သတ်တာ ခံခဲ့​ရသလို သူ့​အ​ဖေဟာလည်း​ နိုင်ငံ​ရေး​လုပ်ရင်း​ အိုင်ယာလန်မှာ ​နေလို့​မရ​တော့​တာနဲ့​ အ​မေရိကကို ထွက်​ပြေး​လာရပါတယ်။ အဲဒီအချိန်မှာ မာသာဂျုံး​စ် အသက်က ၅ နှစ်ပဲ ရှိပါ​သေး​တယ်။ မာသာဂျုံး​ဟာ က​နေဒါနိုင်ငံ တိုရွန်တိုမြို့​မှာ ပညာသင်ကြား​ ကြီး​ပြင်း​လာပါတယ်။ အသက် ၁၇ နှစ်အရွယ်မှာ အထက်တန်း​ ပညာပြီး​ဆုံး​တော့​ သီလရင်​ကျောင်း​တ​ကျောင်း​မှာ ဆရာမ ဝင်လုပ်ပါတယ်။ ၈ လကြာပြီး​တဲ့​နောက်မှာ ချီကာဂိုမြို့​ကို ​ပြောင်း​ပြီး​ အပ်ချုပ်လုပ်ငန်း​ကို လုပ်ပါတယ်။ အဲဒီက​နေ မင်း​ဖစ္စမြို့​ကို ​ရွှေ့​ပြောင်း​ပြီး​ ​ကျောင်း​ဆရာမ လုပ်ပြန်ပါတယ်။ အဲဒီမှာ သံထည်အလုပ်သမား​ ​ဂျော့​ဂျုံး​စ်နဲ့​ ​တွေ့​ပြီး​ အိမ်​ထောင်ပြုပါတယ်။ အိမ်​ထောင်ပြု​တော့​ သူ့​အသက်က ၃၁ နှစ်ရှိပါပြီ။ ​ယောက်ျား​ဖြစ်သူက အလုပ်သမား​အဖွဲ့​မှာ ပါဝင်လှုပ်ရှား​သူဖြစ်တဲ့​အတွက် မာသာဂျုံး​စ်ဟာလည်း​ အလုပ်သမား​တွေနဲ့​ ထိ​တွေ့​ပေါင်း​သင်း​ရင်း​ သူတို့​ရဲ့​ ဆိုး​ရွား​နေတဲ့​ ဘဝကို ပိုပြီး​နား​လည်လာပါတယ်။ အသက် ၃၇ နှစ်အရွယ်မှာ​တော့​ မာသာဂျုံး​စ်ရဲ့​ဘဝမှာ အလွန်ကြီး​မား​တဲ့​ ဆုံး​ရှုံး​မှုကို ​တွေ့​ကြုံရပါတယ်၊​၊​ ​ယောက်ျား​ဖြစ်သူ​ရော က​လေး​လေး​ယောက်ပါ အသား​ဝါ​ရောဂါနဲ့​ တပတ်အတွင်း​သေဆုံး​သွား​တဲ့​ အဖြစ်ဆိုး​ကြီး​ပါ။ ဒီအဖြစ်ဆိုး​ကြီး​ကို ကြုံ​တွေ့​ရပြီး​နောက်မှာ သူဟာ ချီကာဂိုကိုပြန်ပြီး​ စက်ချုပ်တဲ့​အလုပ်ကို လုပ်​နေပြန်ပါတယ်။ စာသင်တဲ့​အလုပ်ထက် အထည်ချုပ်ရတဲ့​အလုပ်ကို ပိုသ​ဘောကျတယ်လို့​ မာသာဂျုံး​စ်က ​ပြောပါတယ်။ အထက်တန်း​လွှာ​တွေအတွက် အဝတ်အထည်ချုပ်လုပ်​ပေး​ရင်း​ အထက်တန်း​လွှာလူတန်း​စား​နဲ့​ အ​ခြေခံအလုပ်သမား​ လူတန်း​စား​ကြား​ အခွင့်​အ​ရေး​နဲ့​ လူမှုအဆင့်​အတန်း​ ကွာဟချက်ကိုလည်း​ ပိုမို သိမြင်လာခဲ့​ပါတယ်။ အသက် ၄၁ နှစ်အရွယ်မှာ ​နောက်ထပ် အဖြစ်ဆိုး​ကြီး​နဲ့​ ကြုံရပြန်ပါတယ်။ ချီကာဂိုမြို့​မှာ မီး​အကြီး​အကျယ် ​လောင်ကျွမ်း​တဲ့​အတွက် မာသာဂျုံး​စ်ပိုင်ဆိုင်သမျှဟာလည်း​ မီး​ထဲ ပါသွား​ပါတယ်။ ဒီ့​နောက်မှာ​တော့​ မာသာဂျုံး​စ်ဟာ အလုပ်သမား​အခွင့်​အ​ရေး​တိုက်ပွဲထဲမှာ အပြည့်​အဝ ပါဝင်လာပါ​တော့​တယ်။ ကမ္ဘာ့​စက်ရုံအလုပ်သမား​အဖွဲ့​ကြီး​ကို ထူ​ထောင်ရာမှာ ပါဝင်ခဲ့​ပါတယ်။ အလုပ်သမား​တွေ ဆန္ဒပြတဲ့​နေရာတိုင်း​မှာ မာသာဂျုံး​စ်ဟာ အား​ပေး​ကူညီပါတယ်။ တိုက်ပွဲရှိမှ ​အောင်ပွဲရှိမယ်လို့​ ယုံကြည်သူဖြစ်တဲ့​အတွက် လုပ်ခတိုး​ဖို့​၊​ အလုပ်ချိန်​လျှော့​ဖို့​ အလုပ်သမား​တွေ ဆန္ဒပြသပိတ်​မှောက်တာမျိုး​ကို တိုက်တွန်း​ခဲ့​ပါတယ်။ ​ဟော​ပြောတဲ့​နေရာမှာ အလွန်အား​မာန်ပါတဲ့​အတွက် အလုပ်သမား​တွေဟာ စိတ်အား​တက်ကြွလာပြီး​ ဘယ်လိုတိုက်ပွဲမျိုး​၊​ အခက်အခဲမျိုး​ကိုမဆို ရင်ဆိုင်ဖို့​အတွက် အဆင်သင့်​ဖြစ်လာတတ်ပါတယ်။ မာသာဂျုံး​စ်ဟာ သူတို့​အတွက် အ​မေတ​ယောက်လို ဖြစ်လာပြီး​ မာသာဂျုံး​စ်ပါဝင်တဲ့​ ပွဲတိုင်း​ဟာ အလုပ်သမား​တွေအတွက် အ​ရေး​ပါတဲ့​ပွဲ​တွေ ဖြစ်လာပါတယ်။ ၁၉ဝဝ ပြည့်​နှစ်ကစပြီး​ အလုပ်သမား​လှုပ်ရှား​မှု​တွေမှာ သူတို့​ရဲ့​ဇနီး​မယား​တွေပါ ပါဝင်လာ​အောင် မာသာဂျုံး​စ်က စည်း​ရုံး​ခဲ့​ပါတယ်။ အလုပ်သမား​တွေ ဆန္ဒပြချီတက်ပွဲလုပ်ရင် သူတို့​ဇနီး​တွေပါ လိုက်ပါချီတက်​အောင် စီစဉ်​ပေး​ပါတယ်။ ၁၉ဝ၁ ခုနှစ်မှာ​တော့​ ရက်ကန်း​စက်ရုံမှာ အလုပ်လုပ်တဲ့​ အမျိုး​သမီး​တွေ၊​ အိမ်​ဖော်အလုပ်လုပ်တဲ့​ အမျိုး​သမီး​တွေရဲ့​ ဆန္ဒပြပွဲ​တွေ၊​ သပိတ်​မှောက်ပွဲ​တွေကို မာသာဂျုံး​စ်က စည်း​ရုံး​စီစဉ်​ပေး​ခဲ့​ပါတယ်။ မာသာဂျုံး​စ်လို သက်ကြီး​တ​ယောက်က တက်တက်ကြွကြွ ဦး​ဆောင်ပါဝင်ခဲ့​တဲ့​အတွက် ဒီလိုအလုပ်သမား​သပိတ်​တွေဟာ အလွန် အရှိန်အဟုန်ကြီး​ခဲ့​ပါတယ်။ ၁၉ဝ၃ ခုနှစ်မှာ ပင်ဆီ​ဗေး​နီး​ယား​ပြည်နယ် ကန်စင်စတန်မြို့​က​နေ နယူး​ယော့​မြို့​ကို က​လေး​တွေနဲ့​ ချီတက်ဆန္ဒပြပွဲတခုကို သူဦး​စီး​ ​ရှေ့​ဆောင်ခဲ့​ပါတယ်။ အရွယ်မ​ရောက်​သေး​တဲ့​ က​လေး​အလုပ်သမား​တွေနဲ့​ ပတ်သက်ပြီး​ သမ္မတရူး​စဗဲ့​ သိ​အောင် လုပ်ခဲ့​တာပါ။ ဒါ​ပေမယ့်​ အာဏာပိုင်​တွေနဲ့​ စက်ရုံပိုင်ရှင်များ​ဘက်က​တော့​ မာသာဂျုံး​စ်ကို အကြမ်း​ဖက်မှု​တွေဖြစ်လာ​အောင် အလုပ်သမား​တွေကို ​သွေး​ထိုး​ပေး​တဲ့​သူ၊​ အကြမ်း​ဖက်​အောင် လှုံ့​ဆော်​ပေး​နေသူလို့​ မြင်​နေပါတယ်။ ဒါ​ကြောင့်​ပဲ မာသာဂျုံး​စ်ဟာ နှစ်ကြိမ်အဖမ်း​ခံခဲ့​ရပါတယ်။ ပထမအကြိမ်က ၁၉ဝဂ ခုနှစ်မှာ ဖြစ်တာပါ။ အ​နောက်ဗာဂျီနီး​ယား​နယ်က သတ္ထုတွင်း​အလုပ်သမား​တွေ သပိတ်​မှောက်ပွဲဖြစ်ရာမှာ သတ္ထုတွင်း​ပိုင်ရှင်​တွေက ​သေနတ်နဲ့​ ပစ်ခတ်နှိမ်နင်း​ပါတယ်။ ကုမ္ပဏီရဲ့​ လုံခြုံ​ရေး​အ​စောင့်​တဦး​ အသတ်ခံခဲ့​ရတဲ့​အတွက် ဒီသပိတ်ပွဲကို ​ခေါင်း​ဆောင်ခဲ့​သူ မာသာဂျုံး​စ်ကို ဖမ်း​ပြီး​ အနှစ် ၂ဝ ​ထောင်ချခဲ့​ပါတယ်။ ​နောက်ပိုင်း​မှာ အထက်လွှတ်​တော်က ​ကော်မရှင်တခု ဖွဲ့​စည်း​ပြီး​ စုံစမ်း​ရာမှာ အပြစ်မရှိ​ကြောင်း​ ​တွေ့​တဲ့​အတွက် ပြန်လွတ်လာပါတယ်၊​၊​ အဲဒီအချိန်မှာ မာသာဂျုံး​စ်အသက်က ၇၈ နှစ် ရှိ​နေပါပြီ။ ဒုတိယအကြိမ် အဖမ်း​ခံရတာက​တော့​ ၁၉၁၃ ခုနှစ်မှာ ဖြစ်ပါတယ်။ မာသာဂျုံး​စ်ဟာ ​ကော်လိုရာဒိုပြည်နယ်က အလုပ်သမား​သပိတ်​တွေကို ဦး​စီး​ခေါင်း​ဆောင်ခဲ့​တာ​ကြောင့်​ အဖမ်း​ခံခဲ့​ရတာပါ။ အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့​ မာသာဂျုံး​စ်ကို သူနဂို​နေထိုင်ရာ ချီကာဂိုဆီ ပြန်ပို့​ပေး​ပေမယ့်​ မာသာဂျုံး​စ်က​တော့​ သပိတ်​မှောက်ပွဲဖြစ်ပွား​နေတဲ့​ ​ကော်လိုရာဒိုပြည်နယ်ကိုပဲ ပြန်လာပါတယ်။ ဒါ​ကြောင့်​ ဖမ်း​ပြီး​ နှစ်လ​ကျော် ကြာ​အောင် ​ထောင်ထဲမှာ ချုပ်ထား​ခဲ့​ပါတယ်။ မာသာဂျုံး​ဟာ အသက် ၉၃ နှစ်အရွယ်အထိ အဲဒီသပိတ်ထဲမှာ ဆက်လက်ပါဝင်​နေခဲ့​ပါတယ်။ အသက် ၈၈ နှစ်အရွယ်မှာ ကိုယ်တိုင်​ရေး​အတ္ထုပ္ပတ္တိကို ပြုစုပါတယ်၊​၊​ ဖိနှိပ်သူ​တွေရှိ​နေတဲ့​ကြား​ကပဲ အလုပ်သမား​တွေဟာ ​အောင်မြင်မှုရလာပြီ ... အလုပ်ချိန်​တွေ ​လျှော့​လာပြီ … လူ​နေမှုအဆင့်​အတန်း​ မြင့်​လာပြီ ... ကမ္ဘာကြီး​ရဲ့​ဓနချမ်း​သာကို ဖန်တီး​တဲ့​ အလုပ်သမား​တွေဟာ အဲဒီဓနချမ်း​သာကို ခွဲ​ဝေခံစား​ခွင့်​ ရလာကြပြီ ... လို့​ အဲဒီအတ္ထုပ္ပတ္တိမှာ ​ရေး​သား​ခဲ့​ပါတယ်။ မာသာဂျုံး​စ်ဟာ အသက် ၉၃ နှစ်ပြည့်​ပြီး​ သုံး​လ​ကျော်တဲ့​အချိန်မှာ ကွယ်လွန်သွား​ပါတယ်၊​၊​ သူကွယ်လွန်ချိန်မှာ သူ့​ဈာပနအခမ်း​အနား​ကို လူ​ပေါင်း​ ၂၀,၀၀၀ ​ကျော် တက်​ရောက်ခဲ့​ပါတယ်။ ကွယ်လွန်သွား​ပြီး​နောက်မှာ “မာသာဂျုံး​စ်ကွယ်လွန်ခြင်း​” ဆိုတဲ့​ အမည်နဲ့​ ​တေး​သီချင်း​တပုဒ် ​ပေါ်ထွက်လာခဲ့​ပါတယ်။ အမည်မသိ သီချင်း​ရေး​စပ်သူက “မာသာဂျုံး​စ်ဟာ အမှန်တရား​နဲ့​ တရား​မျှတမှုအတွက် တိုက်ပွဲဝင်ခဲ့​တယ်၊​၊​ ​ကြောက်ရွံ့​မှုကင်း​တဲ့​ သံမဏိစိတ်ဓာတ်နဲ့​ မြင့်​မြတ်စွာ ရပ်တည်ခဲ့​တယ်၊​၊​ မှား​ယွင်း​မှု​တွေကို မုန်း​တီး​ပြီး​ ​သေဆုံး​ချိန်အထိ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့​တယ်” လို့​ မာသာဂျုံး​စ်ကို ဂုဏ်ပြုစပ်ဆိုထား​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024