A d v e r t i s e m e n t With Us

စက်တင်ဘာ ၁၁ အကြမ်း​ဖက်တိုက်ခိုက်မှု ဆယ်နှစ်ပြည့်
အ​မေရိကန် မွတ်စလင်သူရဲ​ကောင်း

အ​မေရိကန်ပြည်​ထောင်စုက လူသုံး​ထောင်​ကျော် ​သေဆုံး​ခဲ့​ရတဲ့​ ကမ္ဘာ့​ကုန်သွယ်​ရေး​စင် တာ အကြမ်း​ဖက်တိုက်ခိုက်မှု ဖြစ်ရပ်ဟာ အခု စက်တင်ဘာ ၁၁ ရက်​နေ့​မှာ ဆယ်နှစ်ပြည့်​ ပါပြီ။ ပါကစ္စတန်မှာ​မွေး​တဲ့​ အ​မေရိကန်နိုင်ငံသူ `တာလတ်ဟမ်ဒါနီ ´ရဲ့​သား​ အသက် ၂၂ နှစ်အရွယ် `ဆလ်မန်´ဟာ မိုး​မျှော်တာဝါ ဒုတိယအ​ဆောက်အဦ ပြိုကျချိန်မှာ ​သေဆုံး​ သွား​ပါတယ်။ ဆလ်မန်က ​ဆေး​တပ်ဖွဲ့​က တပ်သား​လေး​တဦး​ဖြစ်ပြီး​ ပိတ်မိ​နေတဲ့​လူ​တွေကို အပြင်ကူထုတ်ဖို့​အတွက် အ​ဆောက်အဦထဲ ​ပြေး​ဝင်သွား​ရင်း​က အပျက်အစီး​နဲ့​ လူအုပ် ​တွေကြား​ ပိတ်မိပြီး​ ​သေဆုံး​သွား​ခဲ့​တာပါ။ ဆလ်မန်ရဲ့​ ရုပ်အ​လောင်း​ကို ရက်သတ္တပတ် ​ပေါင်း​များ​စွာ ကြာတဲ့​ထိ ရှာမ​တွေ့​ခဲ့​ပါဘူး​။ သူ့​ကို ချီး​ကျူး​ဂုဏ်ပြုခြင်း​ မရှိတဲ့​အပြင် အကြမ်း​ ဖက်တိုက်ခိုက်မှုမှာ ပါဝင်သူအဖြစ်နဲ့​ သံသယရှိခဲ့​ကြပါ​သေး​တယ်။ ရဲ​တွေက သူ့​အိမ်နဲ့​ မိသား​စုကို အကြိမ်ကြိမ် ရှာ​ဖွေစစ်​ဆေး​မှုရှိခဲ့​ကြပါတယ်။ စက်တင်ဘာ ၁၁ ရက် အကြမ်း​ဖက်တိုက်ခိုက်ခံရမှု ဆယ်နှစ်ပြည့်​အဖြစ် အ​မေရိကန်က မူဆလင် သူရဲ​ကောင်း​လေး​အ​ကြောင်း​ကို နယူး​ယောက်မြို့​က ​အေရှား​ကောလင်း​ သတင်း​ထောက် Alice Brennan (အဲလစ် ဘရန်နန်) က သတင်း​ပို့​ပေး​ထား​ပါတယ်။ (Asia Calling သတင်း​ဆောင်း​ပါး​ကို ရဲမြင့်​ကျော် ဘာသာပြန်ပြီး​ ယုယမိုး​ စီစဉ် တင်ဆက်ထား​တာပါ။) အသံ နား​ဆင်ရန်  

A d v e r t i s e m e n t With Us

More News
Up