Home အာရှဒေသ အင်ဒိုနီးရှားနိုင်ငံရောက် ဒုက္ခသည်များ
အင်ဒိုနီးရှားနိုင်ငံရောက် ဒုက္ခသည်များ
refugees ဩစတြေးလျ အစိုးရဟာ မလေးရှားနိုင်ငံနဲ့ ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်တခုလုပ်ဖို့ ဆောင်ရွက်နေပါတယ်။ အစိုးရရဲ့အစီအစဉ်ဟာ ဥပဒေအရ တရားမဝင်ကြောင်း ဩစတြေးလျ အဆင့်မြင့်တရားရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအစီအစဉ်မှာ ဩစတြေးလျဘက်က နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၈၀၀ ကို မလေးရှားကို ပြန်ပို့မှာဖြစ်ပြီး မလေး ရှားက ဒုက္ခသည် ၄,၀၀၀ ကို ဩစတြေးလျက လက်ခံသွားဖို့ဖြစ်ပါတယ်။
မလေးရှားရဲ့ ဒုက္ခသည်ပြသနာဖြေရှင်းမှုဟာ လှေတွေနဲ့ ဩစတြေးလျကို ရောက် လာကြတဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေကို ဟန့်တားဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ မလေး ရှားဟာ ဒုက္ခသည်တွေကို ဥပဒေကြောင်းအရလည်း အလုံအလောက် ကာကွယ်ပေးတာ မရှိဘူးလို့ ဩစတြေးလျတရားရုံးက ထုတ်ပြန် ကြေညာထားပါတယ်။ နိုင်ငံရေးခိုလှုံခွင့် ရဖို့ ကြိုးစားနေတဲ့ အီရတ်၊ သီရိလင်္ကာနဲ့ အာဖဂန်နစ္စတန်က လူတွေအတွက် အင်ဒိုနီးရှား ဟာ ယာယီတည်းခိုစခန်း ဖြစ်နေပါတယ်။ ဩစတြေးလျကို သွားဖို့ကြိုးစားသူတွေဟာ ပင်လယ်ပြင်ကို လှေတွေနဲ့ ဖြတ်ကြရပါတယ်။ လှေမှောက်သွားရင်တော့ အင်ဒိုနီးရှားမှာပဲ သူတို့သောင်တင်ကြပါတယ်။
ဩစတြေးလျကို သွားဖို့ကြိုးစားရင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ အနောက် ဘက် တောင်ကုန်းတွေမှာ ရောက်ရှိနေထိုင်ကြသူတွေအကြောင်း အေရှားကောလင်း သတင်းထောက် Rebecca Henschke က တွေ့ဆုံမေးမြန်း သတင်းပေးပို့ထားပါတယ်။
(Asia Calling သတင်းဆောင်းပါးကို ရဲမြင့်ကျော် ဘာသာပြန်ပြီး ယုယမိုး စီစဉ် တင်ဆက်ထားတာပါ။)
အသံ နားဆင်ရန်
ဆက်စပ်သတင်းများ