ကျောင်းထိုင်ဆရာတော်ကို သတ်ပြီး ကျပ်သိန်းရာကျော် ဖောက်ထွင်းမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့နယ်မှာ ကျောင်းထိုင်ဆရာတော်ကို သတ်ပြီး ကျပ်သိန်း ၁ ရာကျော် ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ပါတယ်။ စဥ့်ကူးမြို့နယ် လက်ပန်လှအုပ်စု ပြည်စိုးအောင်စာသင်တိုက် အာသောကကျောင်းမှ သက်တော် ၆၀ ဝါတော် ၄၀ ရှိ ကျောင်းထိုင်ဆရာတော်ဦးစီးပဒါန နာယကဆရာတော် ဘဒ္ဒန္တ ဉာဏဝံသ- သာသနဓမ္မာစရိယ- မဟာ ဂန္ထဝါစကပဏိတ ဆရာတော်ရဲ့ အလောင်းကို  ဇွန်လ ၁၄ ရက်နေ့ မနက်ပိုင်းက တပည့်သံဃာတော်တွေက တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အာသောကကျောင်းတိုက်ကို သက်ဆိုင်ရာတာဝန်ရှိသူတွေ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးနေတယ်လို့ သိရှိရပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up