ပြင်သစ်တွင် မြောက်အိုင်ယာလန် ပရိသတ်တဦး သေဆုံး

ဒါရန်း ရော်ဂျာ။ (ဓာတ်ပုံ - ဘီဘီစီ)
ပြင်သစ်နိုင်ငံ နန့်က ကမ်းခြေမှာ ယူရို ၂၀၁၆ ပြိုင်ပွဲဝင် မြောက်အိုင်ယာလန်ကို အားပေးတဲ့ ပရိသတ်တဦးဟာ မတော်တဆမှုကြောင့် သေဆုံးသွားပါတယ်။ ဇွန် ၁၃ ရက် မြောက်အိုင်ယာလန်အသင်းက ပိုလန်ကို ရှုံးနိမ့်သွားတဲ့ ပွဲစဉ်အပြီးမှာ ၈ မီတာမြင်တဲ့ ပင်လယ်ကမ်းခြေ စင်္ကြန်ပေါ်ကနေ ပြုတ်ကျလို့ အသက် ၂၅ နှစ်အရွယ် ဒါရန်းရော်ဂျာ သေဆုံးသွားတာ ဖြစ်ပါတယ်။ သေဆုံးသူဟာ အရက်မူးနေပုံရပြီး လမ်းလျှောက်ရင်း အကာအရံတွေကို ကျော်ပြီး ၈ မီတာ အမြင့်ကနေ ကျသွားတာလို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောပါတယ်။ မြောက်အိုင်ယာလန် ဘယ်လီမီးနားမှာ ဒါရန်းရော်ဂျာက အပျော်တမ်း ဘောလုံးသမားတဦး ဖြစ်ပါတယ်။ နန့်က ၄ မိုင်ရှည်တဲ့  Promenade des Anglais ပင်လယ်ကမ်းခြေက စင်္ကြန်ဟာ မြို့တော်ရဲ့ အမှတ်အသားတခုဖြစ်ပြီး လမ်းလျှောက် စက်ဘီးစီးတဲ့ နေရာတခုအဖြစ် လူသိများပါတယ်။ အောက်မှာတော့ ကျောက်ခဲထူထပ်တဲ့ ကမ်းခြေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up