တရုတ်တွင် မိုးသည်းထန်ပြီး မိုးသီးများကြွေ၊ လိမ္မော်ရောင်အဆင့် သတိပေးချက်ထုတ်ပြန် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေလောင်ကျန်းပြည်နယ်က ဟာဘင်မြို့မှာ ဇွန်လ ၁၂ ရက်နေ့က မိုးသီးတွေ၊ မိုးတွေ သည်းသည်းထန်ထန် ရွာခဲ့လို့ လမ်းတွေ ပိတ်ဆို့ကုန်ပြီး ဆိုးရွားတဲ့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။ ဇွန်လ ၁၂ ရက် မွန်းလွဲပိုင်း ၂ နာရီလောက်မှာ မိုးသီးကြွေမယ်လို့ ဒေသခံ မိုးလေဝသ လေ့လာရေးအဖွဲ့က လိမ္မော်ရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ အဲဒီနောက် မုန်တိုင်းက မိနစ်လေးဆယ်အကြာမှာ ဆက်တိုက်ဝင်ခဲ့ပါတယ်။ ငွေအကြွေစေ့အရွယ် မိုးသီးတွေ ဟာဘင်နဲ့ ပတ်ဝန်းကျင်ဒေသမှာ ဆယ်မိနစ်ကြာ ရွာချခဲ့ပါတယ်။ ဒါကြောင့် မော်တော်ကား မောင်းသူတွေ ကားရပ်ပြီး ဒေသခံတွေက အနီးအနား ခိုလှုံစရာ နေရာတွေမှာ အကာအကွယ် ယူခဲ့ရပါတယ်။ လမ်းလယ်ကျွန်းပေါ်က မြက်တွေပေါ်မှာ မိုးသီးတွေကြောင့် ဖွေးဖွေးဖြူသွားခဲ့ပါတယ်။ ဆိုးရွားတဲ့ မိုးမုန်တိုင်းကြောင့် မြို့တွင်း တချို့နေရာတွေမှာ ၂၀ စင်တီမီတာအမြင့်ထိ ရေလွှမ်းခဲ့လို့ ယာဉ်ကြော နှေးကွေးခဲ့ပါတယ်။ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းလည်း ထိခိုက် ပျက်စီးခဲ့ပြီး သေဆုံးမှု အစီရင်ခံတာတော့ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up