လိင်တူချစ်သူများ ဂုဏ်ပြုလမ်းလျှောက်ပွဲ တောင်ကိုရီးယားတွင် ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
တောင်ကိုရီးယားမှာ နှစ်စဉ်ကျင်းပတဲ့ လိင်တူချစ်သူများ ဂုဏ်ပြုလမ်းလျှောက်ပွဲကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က ဆိုးလ်မြို့တော်မှာ ကျင်းပခဲ့ကြပါတယ်။ ၁၇ နှစ်မြောက်ကျင်းပတဲ့ လမ်းလျှောက်ပွဲကို တောင်ကိုရိးယား လိင်တူချစ်သူ အသိုင်းအ၀ိုင်းက ၁၁၀၀၀ ကျော်လောက် တက်ရောက်ကြတယ်လို့ တောင်ကိုရီးယားရဲတပ်ဖွဲ့က ခန့်မှန်းပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ လိင်တူချစ်သူ လူနည်းစု အသိုင်းအ၀ိုင်းအပေါ် အထင်အမြင် လွဲမှားမှုတွေကို ပြောင်းလဲစေလိုတဲ့ ရည်ရွယ်ချက်ရယ်၊ လိင်သူချစ်သူ လူနည်းစု ဖြစ်ရတာလည်း ဂုဏ်ယူစရာဖြစ်တယ် ဆိုတာကို ပြသဖို့ ရည်ရွယ်ကျင်းပတာလို့ ဒီပွဲကို အဓိက ဦးဆောင်သူက ပြောပါတယ်။ ဒီပွဲကို ဆန့်ကျင်ကြတဲ့ လိင်တူချစ်သူ ဆန့်ကျင်သူတွေလည်း တဘက်မှာ ဆန္ဒပြကြပြီး ဒီချီတက်ပွဲ လမ်းလျှောက်လို့မရအောင် လဲလျောင်းပိတ်ဆို့ ဆန္ဒပြခဲ့ကြလို့ ရဲလုံခြုံရေး တပ်ဖွဲ့ဝင်တွေက အတင်းဆွဲခေါ် ဖယ်ရှားခဲ့ကြရပါတယ်။ လိင်တူဆန့်ကျင်သူတဦးက ဒီလိင်တူချစ်သူဆိုတာကို ကိုရီးယား လူမှုအဖွဲ့အစည်းက လူမှုရေးအရရော၊ ကျင့်ဝတ်အရပါ လက်မခံသလို ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ပြဿနာရှိတယ်၊ ပြီးတော့ တောင်ကိုရီးယားနိုင်ငံမှာ တရားမ၀င်ပါဘူးလို့ လိင်တူ ဆန့်ကျင်သူတဦးက ပြောပါတယ်။ လိင်တူတပ်မက်မှုဟာ တောင်ကိုရီးယားနိုင်ငံမှာ တရားမ၀င်တာတော့ မဟုတ်ပေမယ့် ပြီးခဲ့တဲ့မေလက ဆိုးလ်မြို့တော် အနောက်တရားရုံးတရုံးက လိင်တူလက်ထပ်ခွင့် လျှောက်ထားမှုကို ပယ်ချခဲ့ပါတယ်။ လိင်တူလက်ထပ်ခြင်းကို တရားဝင်ပြဋ္ဌာန်းထားတဲ့ဥပဒေ မရှိသေးဘူးဆိုပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up