DVB Logo
Home
မြန်မာသတင်း
လယ်သမားတို့၏ရှေ့နေ ဦးဖိုးဖြူ ခေတ္တထိန်းသိမ်းခံရ
DVB
·
September 12, 2011
လယ်သမားတို့၏ရှေ့နေ ဦးဖိုးဖြူ ခေတ္တထိန်းသိမ်းခံရ
Donate to DVB

လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူကို အာဏာပိုင်တွေက မနေ့က ဖမ်းဆီးပြီး ဒီနေ့ မွန်းလွဲမှာ အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ်။

[caption id="attachment_15447" align="alignleft" width="240" caption="ကိုဖိုး​ဖြူ"][/caption]

လယ်သမားတွေအတွက် အမှုလိုက်ဖို့ ငွေဆောင်ကမ်းခြေဘက်ကို ရောက်နေတုန်းမှာ ဒဂုံဆိပ်ကမ်း ရဲတွေက သူ့ကို ၀ရမ်းနဲ့ ဖမ်းသွားပြီး ဒီနေ့မွန်းလွဲ ၂ နာရီ မှာ ကျပ် ၁၀ သိန်း အာမခံနဲ့ ပြန်လွတ်လာတယ်လို့  ဦးဖိုးဖြူက ပြောပါတယ်။

ဂလိုဂွန် (Glogon) အထည်ချုပ်ကုမ္ပဏီက သူ့ကို တရားစွဲထားတဲ့အမှုမှာ ရုံးချိန်း ပျက်ကွက်တဲ့အတွက် အဖမ်းခံရတာလို့ ဦးဖိုးဖြူက ပြောပါတယ်။

“ကျနော် ဒီရက်ပိုင်းအတွင်းမှာ မြေယာကော်မတီမှာ အမှုတွေတင်တဲ့ ကိစ္စတွေနဲ့ ရှုပ်နေတော့ ရုံးချိန်းတွေ မသွားဖြစ်ဘူး။ နေပြည်တော် တက်ပြီးတော့လည်း လယ်အမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်တင်ပြချက်တွေ လုပ်ရတော့ ရုံးချိန်းတွေ ပျက်သွားတော့ တရားရုံးက ကျနော့်ကို ၀ရမ်းထုတ်တယ်။

“အဓိကတော့ ဂလိုဂွန်ကုမ္ပဏီဘက်ကနေ ပြန်တရားစွဲထားတဲ့ကိစ္စပေါ်မှာ အမှုကမပြတ်သေးဘူး ဖြစ်နေတယ်၊ ကျနော်ကလည်း အခြားအလုပ်တွေကလည်း ဆက်လုပ်နေရတယ်။ တခြားလုပ်ငန်းတွေပေါ်မှာ အာရုံစိုက်တာ များသွားလို့ ဒီအမှုနဲ့ ပတ်သက်တာတွေက နှောင်ကြိုးသဖွယ်ဖြစ်နေတယ်။”

ဒီနှစ်ဆန်းပိုင်းမှာ ဦးဖိုးဖြူနဲ့လယ်သမား ၉ ဦးကို ကုမ္ပဏီက အသရေဖျက်မှုနဲ့ တရားစွဲထားတဲ့အမှုကို လာမယ့် ၁၆ ရက်နေ့ ရုံးချိန်းထားတယ်လို့  ကိုဖိုးဖြူက ပြောပါတယ်။

ကိုဖိုးဖြူဟာ လယ်သမားတွေ လယ်သိမ်းခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဥပဒေအကြံပြုစာတမ်းတွေနှင့်အတူ တောင်ဒဂုံက လယ်သိမ်းခံရတဲ့ လယ်သမားတွေကို ဦးဆောင်ပြီး နေပြည်တော်ကို လွန်ခဲ့တဲ့တပတ်က သွားရောက်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း အောင်လံမြို့နယ်က တောင်သူလယ်မြေတွေကို စစ်တပ်က သိမ်းယူတဲ့ကိစ္စမှာ လယ်သမားတွေဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ ဦးဖိုးဖြူကို အာဏာပိုင်တွေက ဖမ်းဆီးပြီး မတရားသင်းဖွဲ့စည်းမှုနဲ့ တရားစွဲပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013