DVB Logo
Home
မြန်မာသတင်း
သက်တမ်းဟောင်းကားများကို အစားထိုးလဲလှယ်တင်သွင်းခွင့်ပြုမည်
DVB
·
September 11, 2011
သက်တမ်းဟောင်းကားများကို အစားထိုးလဲလှယ်တင်သွင်းခွင့်ပြုမည်
Donate to DVB

ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ နှစ် ၂၀ ကနေ ၄၀ အထိ သက်တမ်းရှိတဲ့ ကားဟောင်းတွေကို မှတ်ပုံတင်ပယ်ဖျက်ပြီး ၁၉၉၅ မော်ဒယ်အထက် မော်တော်ယာဉ်များကို အစားထိုးတင်သွင်း လဲလှယ်ခွင့်ပြုမယ်လို့ ဒီကနေ့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဒီလိုလဲလှယ်ရာမှာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်တယ်လို့လည်း သိရပါတယ်။ ကားဟောင်းတွေကို ယာဉ်မှတ်ပုံတင်စာ အုပ်နဲ့အတူ အပ်နှံရမှာ ဖြစ်ပြီး အပ်နှံမှုအမှတ်အသားတစောင် ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက် မူလကား ထုတ်လုပ်တဲ့နိုင်ငံက ရောင်းဈေး ဒေါ်လာ ၃,၅၀၀ ထက်မပိုတဲ့ ယာဉ်တစီး ၀ယ်ယူခွင့် ပါမစ်ထုတ်ပေးမှာပါ။

ကားဟောင်းကို ပြုပြင်ထားတဲ့အတွက် မှတ်ပုံတင် မပယ်ဖျက်လိုဘူး ဆိုရင်လည်း ဆက်အသုံးပြုခွင့်ပြုထားမှာ ဖြစ်ပေမယ့် နှစ်လဲသက်တမ်းတိုးချိန်မှာ အန္တရာယ်ရှိတဲ့ ယာဉ်အဖြစ် တွေ့ရှိရင် အစားထိုး လဲလှယ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။

မော်တော်ယာဉ်တွေ အစားထိုး လဲလှယ်တင်သွင်းခွင့်ပြုပြီး နောက်ပိုင်းမှာ နိုင်ငံခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်း၊ နိုင်ငံခြားကို တရားဝင် သွားရောက် အလုပ်လုပ်သူတွေနဲ့ သင်္ဘောသားတွေကိုလည်း ကားတင်သွင်းခွင့်ပြုဖို့ကို စီးပွားကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက စီစဉ်နေတယ်လို့ သတင်းစာမှာ ရေးသားထားပါတယ်။

နိုင်ငံတော်အစိုးရ အနေနဲ့လည်း ဂျပန်၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံခြား ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီး ယာဉ်အရောင်းပြခန်းတွေ ဖွင့်လှစ်ပြီး အများပြည်သူ လွတ်လပ်စွာ ၀ယ်ယူသွားနိုင်ဖို့ အထိ စီစဉ်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013